Home
မြန်မာသတင်း
ပုဂံညောင်ဦးအနီးရှိ ပလင်းကမ်းသာယာဆင်​စခန်း ဝင်​​ငွေကောင်းနေ
DVB
·
May 17, 2018
32811106_1240659562737695_378446297348177920_n
32792439_1240659466071038_543274841382322176_n
32776991_1240659312737720_9069015099829649408_n
32762652_1240659486071036_9160303530194501632_n
32375959_1240659359404382_3729509923491414016_n
  ပုဂံညောင်ဦးဒေသအနားမှာရှိတဲ့ ပလင်းကမ်းသာယာဆင်​စခန်းဟာ မြန်​မာ့သစ်​လုပ်​ငန်းနဲ့ သစ်​ထုတ်​လုပ်​​ရေးဌာနမှာရှိတဲ့ ဆင်​စခန်း ၁၈ ခုထဲမှ ဝင်​​ငွေ အ​ကောင်းဆုံးဖြစ်​​တယ်လို့  ပလင်းကမ်း သာယာဆင်​စခန်းမှ လက်​​ထောက်​မန်​​နေဂျာရဲ့ ​ပြောဆိုချက်​အရ သိရပါတယ်။ သယံဇာတနှင့် သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးဝန်​ကြီးဌာန လက်​​အောက်​ရှိ မြန်​မာ့သစ်​လုပ်​ငန်းနှင့် သစ်​ထုတ်​လုပ်​​ရေးအ​နေနဲ့ ဆင်​စခန်း ၁၈ ခု ရှိရာမှာ မန္တ​လေးတိုင်း​ ​ညောင်​ဦးမြို့နယ်​ မြင်းခြံ- ညောင်​ဦး ကားလမ်းမ​ဘေး အနီးရှိ ပလင်းကမ်းသာယာဆင်​စခန်းဟာ ဝင်​​ငွေ အ​ကောင်းဆုံးနဲ့ ဧည့်သည်​ဝင်​​ရောက်​မှု အများဆုံးဖြစ်​နေတာပါ။ လက်​​ထောက်​မန်​​နေဂျာ ဦးမျိုးမင်းက"ဆင်​နဲ့ပတ်​သက်​တဲ့ အသိပညာနဲ့ ဆင်​တွေကို ချစ်​ခင်​မြတ်​နိုးလာ​စေဖို့ဆိုပြီး ရည်​ရွယ်​ချက်​အတူ ပြည်​တွင်းပြည်​ပ ခရီးသွားတွေ စိတ်​ အပန်း​ဖြေအနားယူလည်​ပတ်​စရာ ​နေရာတခု ဖြစ်​​ပေါ်​စေရန်​အတွက်​ ခုလို ဖွင့်​လှစ်​ခဲ့တာ​”လို့ ဒီဗွီဘီ ကို ​ပြောပါတယ်​။ အကျယ်​အဝန်း ၄ဒသမ ၁၈ ဧက ရှိတဲ့ ပလင်းကမ်းသာယာဆင်​စခန်းဟာ ဧရာဝတီမြစ်​ကမ်းန​ဘေးမှာ တည်​ရှိပြီ မြင်းခြံကနေ လာရင်​ ၃၅ မိုင်​ ခရီး၊  ညောင်​ဦးမှ လာရင်​ ၅ မိုင်​ ခရီးသာသွားရတာဖြစ်​ပါတယ်​။ စခန်းမှာ ဆင်​အထီး ၃ ​ကောင်​၊ အမ ၃​ကောင်​နဲ့ ၃ နှစ်​အရွယ်​ဆင်​ထီး​လေး တစ်​​ကောင်​ ရှိတာဖြစ်​ပါတယ်​။ ခရီးသွားတွေနား​နေဖို့ တဲတန်းလျား ၁၃လုံးလောက် ပါဝင်​ပြီး ဆင်​တွေ ကျန်းမာ​ရေး​စောင့်​​ရှောက်​ဖို့တော့ ဆင်​ဆရာဝန်​ ၂ ဦး ထားရှိတယ်​လို့ သိရပါတယ်​။ လာမယ့် ပွင့်လင်းရာသီမှာ ဧရာဝတီမြစ်​အလည်​ ​သောင်​ပြင်​​ပေါ်မှာ လာလည်​တဲ့ ဧည့်သည်​​တွေ အပန်း​ဖြေ​ရေကူးဖို့နဲ့ အပန်း​ဖြေ နားနေ​တဲတွေ တိုးချဲ့​ဆောက်​သွားဖို့ရှိတယ်လို့ လက်​​ထောက်​မန်​​နေဂျာ ဦးမျိုးမင်းကပြောပါတယ်။ ပလင်းကမ်းသာယာဆင်​စခန်းကို ၂၀၁၈ မတ်​လ ၂၈ ရက်​​က ဖွင့်​လှစ်​ခဲ့တာဖြစ်​ပြီး  နေ့စဉ်​ မနက်​ ၆ နာရီမှ ည​နေ ၆ နာရီအထိဖွင့်​လှစ်​ကာ၊ ဝင်​​ကြေးကို​တော့ ပြည်​တွင်းဧည့်​သည်​ တစ်​ဦးကို ၁၀၀၀ ကျပ်​၊ နိုင်​ငံခြားသား တစ်​ဦးကို ၁၀၀၀၀ ကျပ်​ သတ်​မှတ်​ထားပါတယ်။ ဆင်​စီးမယ်ဆိုပါက ပြည်​တွင်းဧည့်​သည်​ကို ၅၀၀၀ ကျပ်​ သတ်​မှတ်​ပြီး ပြည်​ပဧည့်သည်​ကို ၁၀၀၀၀ ကျပ်​ သတ်​မှတ်​ထားကာ ဧရာဝတီမြစ်​အတွင်း လည်​ပတ်​ဖို့အတွက်လည်း ​ရေယာဉ်တွေ ထားရှိပါတယ်​။ ဆင်​စခန်းကို လာ​ရောက်​လည်​ပတ်​သူ တ​ဦးက “ခုမှစဖွင့်တာ မကြာ​သေး​တော့ စိတ်​ဝင်​စားပြီးလာခဲ့တာပါ။ ထူးထူးခြားခြား​တော့ ဘာမှမရှိပါဘူး။ ဆင်​စီးချင်​တာရယ်၊​ ပြီး​တော့ ပုဂံနဲ့နီး​တော့ ပိုပြီးလာဖြစ်​တာ​ပေါ့။ ဝင်​​ကြေးက ကျပ် ၁၀၀၀ ထိ သတ်​မှတ်​တာ​ များပါတယ်​”လို့ ​ပြောပါတယ်​။ လက်​ရှိမှာ​တော့ ပလင်းကမ်းသာယာဆင်​စခန်းဟာ ​နေ့စဉ်​ပုံမှန်​ ဧည့်သည်​ဝင်​​ရောက်​မှု ရှိခဲ့ကာ၊ အစိုးရရုံးပိတ်​ရက်​​တွေနဲ့ အခြား ပိတ်​ရက်​​တွေမှာ​တော့ လာ​ရောက်​လည်​ပတ်​သူ အများအပြားရှိ​ ပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024