DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်ထုတ်ချေးမည့် ပုံစံလယ်သမားများ အဆင်မပြေနိုင်
DVB
·
May 17, 2018
စိုက်ပျိုးစရိတ်ထုတ်ချေးမည့် ပုံစံလယ်သမားများ အဆင်မပြေနိုင်
Donate to DVB

 

အခုမေလ ၁၇ရက် ဒီနေ့ကစပြီး ထုတ်ချေးပေးမယ့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမယ့် ပုံစံဟာ လယ်သမားတွေအတွက် အဆင်မပြေဘူးလို့ ဓနုဖြူမြို့နယ် လယ်သမား ဘ၀ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင် က ပြောပါတယ်။

အခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို လယ်သမားတွေက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းကို ဘဏ်မှာ အပေါင်ထားပြီး ထုတ်ချေးရမှာ ဖြစ်ပါတယ်။

ပုံစံ ၇ ကို အပေါင်ထားပြီး ငွေချေးရမယ်ဆိုရင် ထိုက်ထိုက်တန်တန် ထုတ်ချေး သင့်တယ်လို့ ဓနုဖြူမြို့နယ်၊ လယ်သမား ဘ၀ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင် က ပြောပါတယ်။

“တဧက ကို ၁၅ သိန်း၊ သိန်း ၂၀ ၊ အနည်းဆုံး ၁၀သိန်းဗျာ။  အဲ့ဒါကို ၁သိန်းခွဲပဲ ချေးပြီးတော့ ဒီ ပုံစံ ၇ ကို ယူထားမယ်ဆိုတာဟာ ကျနော် ပြောတာက ယူထားပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ထိုက်ထိုက်တန်တန် အနည်းဆုံးဗျာ လယ်တန်ဖိုးရဲ့ တ၀က်လောက်တော့ ချေးသင့်တာပေါ့ဗျ။ ခုတော့ ဒီ တဧက ၁သိန်းခွဲ့နဲ့ စိုက်စရိတ်တောင် မလောက်ဘူး။ ကျန်တဲ့ မိသားစုရဲ့ စားစရိတ်တွေ အသုံးစရိတ်တွေ ရှိသေးတယ်။ ကျနော်ပြောတာ ၅သိန်းချေး ယူထား ပုံစံ ၇ နဲ့ တခြားမှာ ငွေရှာလို့ရနိုင်တာကြောင့် အခုလို ဘဏ်မှာ အပေါင်အဖြစ် ပေးထားရမယ်ဆိုရင် တခြားမှာ ငွေရှာလို့ မရနိုင်တော့ဘူး”လို့လည်း ပြောပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ကြေညာချက်မှာတော့ အရင်နှစ်တွေက တောင်သူ လယ်သမား သုံးလေးဦးစုပြီး ၀ိုင်းလေးချုပ်စနစ်နဲ့ ငွေထုတ်ချေးရာမှာ ငွေချေးထားတဲ့  တောင်သူလယ်သမားတယောက် ယောက်က ချေးငွေ ပြန်မဆပ်ရင် ကျန်တဲ့သူတွေပါ ငွေထပ်ချေးလို့ မရ ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် အခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးတဲ့အခါမှာတော့ လယ်သမားတဦးချင်း အနေနဲ့ ပုံစံ ၇ ကို ဘဏ်မှာ အပေါင်ထားပြီး ထုတ်ချေးပါလို့ ဖော်ပြထားပါတယ်။

တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က တဧက ကျပ် ၁သိန်းနှုန်းနဲ့ ထုတ်ချေးပေးနေရာက အခုအစိုးရသစ် လက်ထက်မှာ ကျပ် တသိန်းခွဲအထိ တိုးမြှင့်ထုတ်ချေးပေးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013