DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင်မထိခိုက်ပါက ကေဘလ်ကားတပ်ဆင်ခွင့်ပြုမည်
DVB
·
May 17, 2018
ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင်မထိခိုက်ပါက ကေဘလ်ကားတပ်ဆင်ခွင့်ပြုမည်
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းဒေသမှာရှိတဲ့ ပုပ္ပါးမီးငြိမ်းတောင်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မူမရှိရင် ကေဘလ်ကားတပ်ဆင်တာကို ခွင့်ပြုသွားဖို့ရှိတယ်လို့ မန္တလေးတိုင်းအစိုးရရုံးက ပြောပါတယ်။

မီတာ ၁၅၀၀ကျော် အမြင့်ရှိတဲ့ ပုပ္ပါးတောင်မှာ  ကေဘလ်ကားတပ်ဆင်ဖို့ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့က ကုမ္ပဏီတွေ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို ခွင့်ပြုချက်တောင်းထားပါတယ်။

တိုင်းအစိုးရရုံးကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမူအမွေနှစ်တွေ မထိခိုက်ရင် ခွင့်ပြုသွားဖို့ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောပါတယ်။

ပုပ္ပါးဒေသမှာ မြေကျွံတာတွေနဲ့ပတ်သက်ပြီး ဘူမိဗေဒပညာရှင်တွေက  survey ကောက်ယူနေတာတွေရှိပြီး လတ်တလောမှာ ကေဘလ်ကား တပ်ဆင်မယ့် မြန်မာကုမ္ပဏီတခုကလည်း survey ကောက်ယူနေပါတယ်။

ကျောက်ပန်းတောင်း လွှတ်တော်အမတ် ဦးအေးခိုင်က “ကေဘလ်ကားကို  တောင်ခြေမှာရှိတဲ့ ရွာကနေ တောင်ပေါ်ကို တပ်ဆင်မှာဖြစ်ပါတယ်။ ကေဘလ်ကားကို မတ်စောက်တဲ့ ပုပ္ပါးတောင်မကြီးအတွက် တပ်ဆင်ဖို့ကိုသာ သဘောကျပြီး တောင်ကလပ်မှာ ကေဘလ်ကား တပ်ဆင်ဖို့တော့ သဘောမတူဘူး”လို့ပြောပါတယ်။

မန္တလေးတိုင်းအတွင်းရှိ တောင်ကလပ်တွေကို ကေဘလ်ကား တပ်ဆင်လိုပါက EIA၊  SIA စစ်ဆေးချက်တွေပါရမှာဖြစ်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်ဆို သဘောမတူစရာမရှိဘူးလို့ ၀န်ကြီးချုပ်ရဲ့ ပြောစကားကို ကိုးကားပြီး စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013