DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် လေဘေးကြောင့် မူလတန်းကျောင်း ၃ ကျောင်း ပျက်စီး
DVB
·
May 17, 2018
မလှိုင်မြို့နယ်တွင် လေဘေးကြောင့် မူလတန်းကျောင်း ၃ ကျောင်း ပျက်စီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှာ မေလ ၁၃ ရက်ညက  ‎လေပြင်းတိုက်တဲ့အတွက် ပျက်စီးသွားတဲ့ မူလတန်းကျောင်း ၃ကျောင်းကို ဗလငါးတန်းအသင်းက ပြန်ပြင်ပေးမယ်လို့ မေလ ၁၆ရက်က မြို့နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

မလှိုင်ပညာရေးမှူး ရုံးစာရေးကြီး ဦးကျော်‎ဆွေဝင်းက “မေလ ၁၃ ရက်က မူလတန်း ကျောင်း ၃ ကျောင်း လေဘေးသင့်သွားတယ်။ တိုင်းပညာရေးမှူးရုံးကိုလည်း ပြင်ဆင်ပေးဖို့ စာတင်ထားတယ်။ မလှိုင်မြို့က ဗလငါးတန်အသင်းက အဲကျောင်းတွေကို ပြန်ပြင်ပေးသွားမှာပါ။ ကျောင်း၂ ကျောင်းကတော့ အတော်ပျက်သွားတယ်။ မနှစ်ကလည်း လေဘေးသင့်တာကျောင်း ၇ ကျောင်းဖြစ်ခဲ့တယ်။ ဗလငါးတန်အသင်းက ကျောင်း ၃ကျောင်း ပြန်ပြင်ပေးခဲ့တယ်" လို့ပြောပါတယ်။

အဆိုပါနေ့က မလှိုင်မြို့မှာ လူနှစ်ဦး မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတယ်လို့လည်း မလှိုင်မြို့နေ ဦးဇော်ထွန်းက ပြောပါတယ်။

"မေလ ၁၃ ရက်က မိုးနဲ့လေ အတော်ကြမ်းတယ်။ ကျောင်းတွေ ပျက်စီးတယ်။ အဲဒါအပြင် ရန်ကုန်ပြန်ဖို့ ကားဂိတ်မှာ ကားစောင့်နေတဲ့ ဦးမြင့်မောင်နဲ့ မဌေးဌေးမော်တို့ မိုးကြိုးပစ်လို့ သေဆုံးသွားတယ်။ ရာသီဥတု ဖောက်ပြန်နေတာပါ။ မိုးလေလာရင် သတိနဲ့နေစေချင်တယ်"

မိုးဇလညွှန်မှူး ဦးကျော်လွင်ဦးက “အညာဒေသမှာ အပူဆုံးအချိန်ပါ။ လေလမ်းကြောင်း ပြောင်းပြီး အနောက်မြောက်ဘက်က လေအေးတွေဝင်လာရင် မိုးတိမ်တောင်တွေ ဖြစ်စေတယ်။ မိုးသက်လေပြင်းကျတတ်ပါတယ်။ မိုးကြိုးပစ်တာတွေ ဖြစ်တတ်ပါတယ်။ မေလ ၁၄ ရက်က မလှိုင်မြို့မှာ မိုးရေချိန်လက်မ ၁ ဒသမ ၇၅ ရွာသွားတယ်။ မိတ္ထီလာခရိုင်ထဲမှာ မိုးအများဆုံး ရွာတာပါ"လို့ပြောပါတယ်။

မလှိုင်မြို့မှာ သဘာဝဘေးနဲ့ လူမှုဒုက္ခတွေကို လေးမျက်နှာဆရာတော်နဲ့ ဆရာတော် ၃ပါးက ဦးဆောင်ပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကူညီးစောင့်ရှောက်လာတာ ၁၉ နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013