DVB Logo
Home
မြန်မာသတင်း
“အရိပ်” ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှု ပိုခိုင်မာလာသည့် မေမြင့်မိုရ်
DVB
·
May 17, 2018
“အရိပ်” ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှု ပိုခိုင်မာလာသည့် မေမြင့်မိုရ်
1 / 5
Donate to DVB

လတ်တလော MRTV-4 ရုပ်သံလိုင်းကနေ ပြသနေတဲ့ “အရိပ်” ရုပ်သံဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် “စုစုလှိုင်” အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်က စိတ်ဖိစီးမှုတွေ များခဲ့ရတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု ပိုမိုရရှိနေတယ်လို့ ပြောပါတယ်။

ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း “အရိပ်” ရုပ်သံဇာတ်လမ်းတွဲ Review တွေကို ရေးတဲ့အခါ ဝေဖန်မှုသိပ်မရှိတာကို တွေ့ရပြီး၊ ဝတ္ထုကို စဆုံးပုံဖော်ရိုက်ကူးနိုင်လို့ ဒါရိုက်တာတွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ အားလုံးကိုလည်း ပရိသတ်တွေက ချီးကျူးထားကြတာကို တွေ့ရပါတယ်။

“အခုပြနေတဲ့ အရိပ် ဇာတ်လမ်းတွဲကို ကြိုက်ကြလို့ မေ့အနေနဲ့ အရမ်းကို ဝမ်းသာမိပါတယ်။ ဒီကားထဲက ဇာတ်ကောင် စုစုလှိုင်ကို ပရိသတ်တွေ ကြိုက်ကြတယ်။ မေ့အနေနဲ့လည်း ဒီဇာတ်ကောင်ကိုရဖို့ ကြိုးစားခဲ့ရပါတယ်။ အရင်က ဇာတ်ကောင် မပန်းဖြူကို မမီမှာလည်း အရမ်းကိုကြောက်ခဲ့ပါတယ်။ ပိုဆိုးတာတခုက မပန်းဖြူက အဲဒီဇာတ်ကားနဲ့ကို အကယ်ဒမီဆု ရခဲ့တော့ ညီမ ပိုစိုးရိမ်မိပါတယ်။ စိုးရိမ်မှုတွေက တကယ်ကို စိတ်ဖီစီးစေပါတယ်။ တကယ်စိတ်ဖိစီးမှုများများနဲ့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းတွဲပါ။ ဒီကားထဲမှာဆိုရင်လည်း ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် အဝတ်အစား ဒီဇိုင်းတွေကို အရိပ် အဖွဲ့သားတွေရဲ့ ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး သေချာစီစဉ်ခဲ့ကြတယ်။ တကယ့်ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးရတော့ သူတို့ဆီက ပညာရတယ်။ မေတို့ တဖွဲ့လုံး ကြိုးစားခဲ့လို့ အခုလို ရလဒ်မျိုးကို ရတာပါ” လို့ အရိပ်ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်က ပြောပါတယ်။

မေမြင့်မိုရ်ဟာ  MRTV-4 က ရိုက်ကူးခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပန်းနုသွေး၊ ဆုံစည်းခြင်းမိုးတိမ် အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပါ။

မကြာခင်ကလည်း ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ “ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ဒေါင်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဆက်လက်ပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ၂၀၁၈ ခုနှစ်ထဲမှာ ပြသသွားဖို့ရှိပြီး ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ မေမြင့်မိုရ်က ဆိုပါတယ်။

ကြယ်စု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013