DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် ကျောင်းဆရာမတဦးကို ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်
DVB
·
May 17, 2018
မော်လမြိုင်တွင် ကျောင်းဆရာမတဦးကို ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်
Donate to DVB

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မူလတန်းပြ ကျောင်းဆရာမတဦးကို  ခင်ပွန်းဟောင်း ဖြစ်သူက ဓားနဲ့ထိုးသတ်မှု မေ ၁၆ ရက် ည ၇ နာရီခွဲလောက်က ဖြစ်ပွားခဲ့တယ်လို့ မုပွန်နယ်မြေ ရဲစခန်းက ပြောပါတယ်။

မော်လမြိုင်မြို့၊ မြိုင်သာယာ ရှင်စောပုလမ်းမှာနေတဲ့ မူလတန်းပြ ဆရာမ ဒေါ်စုစုမြ (၃၂ နှစ်)က နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် အမှတ် (၄) တည်းခိုရေးတပ်ရှေ့အရောက်မှာ ကွာရှင်းထားတဲ့ ခင်ပွန်းဟောင်း ကျော်ပိုင်(၃၇ နှစ်)က ဆိုင်ကယ်ရပ်ဖို့ ပြောတဲ့အတွက် ခဏရပ်ပြီး စကားများနေတဲ့အချိန် ကျော်ပိုင်က အသင့်ယူလာတဲ့ ဓားကို ထုတ်လိုက်တဲ့အတွက် ဒေါ်စုစုမြက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းပေမယ့်လည်း တရားခံက ဓားနဲ့ထိုး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

ဒေါ်စုစုမြမှာ သွေးထွက်လွန်နေတဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မော်လမြိုင် ဆေးရုံကြီးကို ပို့ဆောင်ချိန်မှာ သေဆုံးခဲ့ပါတယ်။

မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇေယျာသိန်းက “မြ၀တီ၊ ဘားအံ၊ ကော့ကရိတ်တို့ကို လိုက်စုံစမ်းနေပါတယ်။ မြို့အ၀င်အထွက်တွေ ပိတ်ထားတယ်။ ကျနော်တို့ အဖွဲ့တွေခွဲပြီးတော့ ရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဘက်တွေအပါအ၀င် မြန်မာတနိုင်ငံလုံးက ရဲစခန်းတွေကို အကြောင်းကြား ထားပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း နောက်ကနေ လိုက်နေပါတယ်”လို့ ပြောပါတယ်။

ထွက်ပြေးနေတဲ့ ကျော်ပိုင်ဟာ မော်လမြိုင်မြို့၊ ဈေးကြိုရပ်မှာနေထိုင်တဲ့ မီကိုကော်ဖီမစ် ကုမ္ပဏီ ၀န်ထမ်းတဦးဖြစ်ပြီး သေဆုံးသူ ဒေါ်စုစုမြနဲ့ ကွာရှင်းထားတာ တနှစ်လောက်ရှိပြီဖြစ်ပါ တယ်။

လက်ရှိမှာ ဒီအမှုနဲ့ပတ်သက်ပြီး ကျော်ပိုင်ကို  (ပ) ၃၈၆/ ၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ မုပွန်နယ်မြေရဲစခန်းက သိရပါတယ်။

သတင်း - အာကာမင်း၊ ဓာတ်ပုံ - ဒုရဲအုပ် ဇေယျာသိန်း (မုပွန်နယ်မြေရဲစခန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013