DVB Logo
Home
မြန်မာသတင်း
ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ထိန်းသိမ်းကာကွယ်ရန် ဒုသမ္မတတိုက်တွန်း
DVB
·
May 16, 2018
ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ထိန်းသိမ်းကာကွယ်ရန် ဒုသမ္မတတိုက်တွန်း
Donate to DVB

မြန်မာပြည်ရဲ့ ပင်လယ်ကမ်းရိုးတန်း သယံဇာတတွေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့  နိုင်ငံတော် ဒုသမ္မတဦးမြင့်ဆွေက ပြောပါတယ်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္တအကြိမ် အစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ သစ်တောဦးစီးဌာနမှာ မေလ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက  “လူတို့ ဖန်တီးတဲ့ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနဲ့ စီမံအုပ်ချုပ်လုပ်ကိုင်ရေးအတွက် ရန်ပုံငွေနဲ့ လူ့စွမ်းအားအရင်းအမြစ် စတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သလို သဘာဝအခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ဂေဟစနစ် ရေရှည်တည်တံ့ရေး၊ ထိန်းသိမ်းပြုစုရေးနဲ့ ကာကွယ်ရေးတို့အတွက်လည်း လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာကို သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခံစားကြမှသာ သိရှိနားလည်လာခဲ့ကြပါတယ်”လို့ ပြောပါတယ်။

ကော်မတီအနေနဲ့ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ ဖွံ့ဖြိုးလာစေဖို့အတွက် အခြေခံ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာ ဆွေးနွေးညှိနှိုင်းရေးနည်း သို့မဟုတ် Coordination Platform နည်းတို့နဲ့ ဆောက်ရွက်ပေးဖို့ကိုလည်း ဦးမြင့်ဆွေက တိုက်တွန်းပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေ၊ လုပ်ငန်းကော်မတီဝင်တွေ၊ အကြံပေးကော်မတီဝင်တွေ၊ အမြဲတမ်းအတွင်းဝန်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို ၂၀၁၆  နိုဝင်ဘာလ ၁၃ ရက်နေ့က ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး ဒုသမ္မတ ဦးမြင့်ဆွေ အပါအဝင် အဖွဲ့ဝင် ၁၉ ဦး ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းဒေသဟာ ကီလိုမီတာ ၂၈၃၂ (၁၇၅၄ ဒသမ ၁၃ မိုင်) ရှည်လျားပြီးတော့ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်း ဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ လတာပြင်၊ မြစ်ဝနဲ့ သံသောင်ကမ်းခြေဂေဟစနစ်တွေ တည်ရှိနေတာကို တွေ့ရပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဆိုရင် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ဟာ ပင်လယ်ကမ်းရိုးတမ်းတလျှောက်မှာရှိတဲ့ ပြည်နယ်နှစ်ခုနဲ့ တိုင်းဒေသကြီးလေးခုမှာ နေထိုင်နေပြီး ကမ်းရိုးတန်း ဒေသဂေဟစနစ်တွေက ထုတ်ကုန် ဝန်ဆောင်မှုတွေအပေါ်မှာ မှီခိုရပ်တည်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013