DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ဒူးရင်းသီးခြံများ ပိုးကျနေသဖြင့် နည်းပညာအကူအညီ လိုအပ်​​နေ
DVB
·
May 16, 2018
ကရင်ပြည်နယ်တွင် ဒူးရင်းသီးခြံများ ပိုးကျနေသဖြင့် နည်းပညာအကူအညီ လိုအပ်​​နေ
Donate to DVB

ကရင်ပြည်နယ်က ဒူးရင်းသီးစိုက် တောင်သူတွေရဲ့ ဒူးရင်းခြံတွေမှာ ပိုးကျပြီး အပင်တွေ ပျက်စီးဆုံးရှုံးတဲ့အပြင် အထွက်နှုန်းပါ တနှစ်ထက် တနှစ် ကျဆင်းလာတဲ့အတွက် နည်းပညာအကူအညီတွေ လိုအပ်နေတယ်လို့ ခြံစိုက်တောင်သူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်။  ဖားကျပ်ကျေးရွာ၊ ခြံစိုက်တောင်သူ ဒေါ်နန်းခင်လှက “ဒူးရင်းသီး ရှားပါးတာက ရာသီဥတုကြောင့်လည်း ဖြစ်မယ်။ တောပြုန်းတီးတာလည်း ဖြစ်မယ်။ အပင်က ပိုးထိုးလို့လည်း သေတယ်။ အပင်ပိုးထိုးသေတာ ကြောက်ဖို့ကောင်းတယ်။ စိုက်ပျိုးရေးကဏ္ဍတော့ ကျမတို့က သမားရိုးကျ မိရိုးဖလာပဲ။ နည်းပညာ၊ ပိုးသတ်ဆေး၊ အထွက်နှုန်း ကောင်း အောင်လည်း လိုအပ်တယ်။ ကျမတို့ တောသူတောင်သားတွေ အကူအညီ တောင်းဖို့လည်း သတိမရဘူး ထင်တယ်”လို့ ပြော ပါတယ်။

ကရင်ပြည်နယ်။  စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က “ကျနော်တို့ သွားပြီ ထဲထဲဝင်ဝင် ပညာပေးပါမယ်။ နှစ်စဉ် ကျနော်တို့က သီးနှံပင်တွေ စိုက်တဲ့အခါမှာ တောင်သူတွေက နှစ်စဉ်ပဲ ဒူးရင်းဆို ဒူးရင်းပင်က အသီးပဲ ယူနေတာ။ ဒူးရင်းပင်အတွက် ကျွေးဖို့ အစာကျ မေ့နေကျတာ။ ဒူးရင်းပင်မှာ ပင်စည်ထိုးပိုးနဲ့ ပတ်သက်ရင် ပိုးသတ်​ဆေး မသုံးဘဲနဲ့ သဘာဝနည်းအရ ကျနော်တို့ လုပ်တဲ့နည်းလေးတွေ ရှိပါတယ်။ ဒါလေးတွေ တောင်သူတွေကို ပညာတွေ ပေးသွားမှာပါ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့နယ်​နဲ့ ဖာပွန်မြို့နယ်တွေမှာ ဒူးရင်းခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်​ကိုင်​ပြီးဒူးရင်း သီးအထွက်နည်းမှုနဲ့ ဈေးကွက်အတွင်း လုံလောက်အောင် တင်ပို့ရောင်းချနိုင်ခြင်း မရှိတဲ့အတွက် ယိုးဒယားဒူးရီးသီးတွေ မဲဆောက်ကတဆင့် ပြည်တွင်း ဈေးကွက်ကို နေ့စဉ် ဝင်ရောက် လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်။  သမိန်ဒွတ်ကျေးရွာ၊ ခြံစိုက်တောင်သူ ဦးမန်းသိန်းအေးက “အပင်တပင်ဖြစ်ဖို့အတွက် အနည်းဆုံး နှစ်သောင်း၊ သုံးသောင်းဝန်းကျင်လောက် ကုန်နိုင်တယ်။ ရေရှည်သီးနိုင်ရင် ကျနော်တို့အတွက်တော့ တန်ဖိုးရှိတယ်။ ရေရှည်မဖြစ်ဘဲ ဒီကြားထဲမှာ လတ်တလော သေသွားလို့ရှိရင်တော့ ကျနော်တို့အတွက်က ဘာမှမရဘဲ ရှုံးသွားမယ်”လို့ ပြောပါတယ်။

ပြည်တွင်းထွက်​ ဒူးရင်းသီးတလုံးကို ၅၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ အရောင်းအဝယ်ရှိပြီး ယိုးဒယား ဒူရင်းသီးက ၁ ကီလို ၄၀၀၀ ဝန်းကျင်​ အရောင်းအ၀ယ် ရှိပါ တယ်။

ကရင်ပြည်နယ်ထွက် ဒူးရင်းသီးက အနံ့မွေးပြီး ခါးသက်တဲ့ အရသာရှိတဲ့အတွက် ပဲခူး၊ ရန်ကုန်၊ မန္တလေးမြို့တွေက ဒူးရင်းသီးကုန်သည်တွေဟာ ရာသီချိန်တိုင်း ဒူးရင်းခြံတွေအထိ လာရောက်ဝယ်ယူလေ့ရှိပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013