DVB Logo
Home
မြန်မာသတင်း
တရားလိုပြသက်သေ ဒုတပ်ကြပ်နိုင်လင်းကို ရုံးထုတ်စစ်ဆေး
DVB
·
May 16, 2018
တရားလိုပြသက်သေ ဒုတပ်ကြပ်နိုင်လင်းကို ရုံးထုတ်စစ်ဆေး
1 / 2
Donate to DVB

နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေရဲ့ အမှု ၁၈ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုပြသက်သေ ဒုတပ်ကြပ်နိုင်လင်းကို ဒီနေ့ စစ်ဆေးပါတယ်။

ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်တဲ့ ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ ဒုတပ်ကြပ်နိုင်လင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့တာပါ။

ဒုတပ်ကြပ်နိုင်လင်းကတော့ တရားခွင်ထဲမှာ အမှန်အတိုင်း ထွက်ဆိုထားခဲ့တယ်လို့ တရားရုံးထွက်လာချိန် မီဒီယာသမားတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုသွားခဲ့ပါတယ်။

တရားရုံးမှာ သူ့ရဲ့ထွက်ဆိုချက်ဟာ ကိုဝလုံးတို့ကို တွေ့ဆုံစဉ် ဒုတပ်ကြပ်နိုင်လင်းနဲ့အတူ သတင်းရဲတပ်ဖွဲ့က အရာရှိတဦး ပါဝင်နေတယ်ဆိုတဲ့ ဦးမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေပြီး သတင်းထောက် ကိုဝလုံးတို့နဲ့ တွေ့ဆုံရာမှာ မိမိတဦးတည်းသာဖြစ်တယ်၊ မိမိတဦးတည်းသာဖြစ်တယ်၊ မိမိတဦးတည်းသာဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ရှေ့နေက မေးမြန်းရာမှာ အကြိမ်ကြိမ် ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုရဲ့ တရားလိုပြသက်သေတဦးဖြစ်တဲ့ ဒုရဲမှူးမိုးရန်နိုင်ကတော့ ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုနဲ့ ရဲတရားရုံးကနေ ထောင်ဒဏ်တနှစ် ချမှတ်ခံထားရပါတယ်။

ဒါကြောင့် ရဲမှူးချုပ်တင်ကိုကိုနဲ့ ရဲချုပ်အောင်ဝင်းဦးတို့ကို ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ ပြန်လည်အရေးယူပေးဖို့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ရဲ့ဇနီး ဒေါ်တူးတူးက ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းဆီကို မေလ ၁၄ ရက်နေ့က တိုင်ကြားစာ ပေးပို့ထားပါတယ်။

အခု ၁၈ ကြိမ်မြောက်တရားရုံး ရုံးချိန်းမှာ တရားလိုပြသက်သေ ၂၅ ယောက်ထဲက ၁၈ ယောက်မြောက် ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013