DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ၁၀နှစ်ပြည့်အခမ်းအနား ကျင်းပ
DVB
·
May 16, 2018
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ၁၀နှစ်ပြည့်အခမ်းအနား ကျင်းပ
Donate to DVB

 

နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရသူတွေအတွက် လူသားချင်းစာနာမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ စတင်ဖွဲ့စည်းခဲ့တဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre)ရဲ့ ၁၀ နှစ်ပြည့်မြောက် အခမ်းအနားကို ရန်ကုန်မြို့မှာ မေလ ၁၅ ရက် ညက ပြုလုပ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွဲ့လာခဲ့တဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ရဲ့ ဝန်ထမ်းဟောင်း၊ ဝန်ထမ်းအသစ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ ကွန်ရက်သဖွယ် အရင်ကထက်ပိုပြီး ချိတ်ဆက်ဆောင်ရွက်နိုင်အောင်လို့ ၁၀ နှစ်ပြည့်ပွဲကို ပြုလုပ်ရတာဖြစ်တယ်လို့ LRC ရဲ့အမှုဆောင်ဒါရိုက်တာ ဒေါ်တိုးတိုးရီက ပြောပါတယ်။

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေကို စွမ်းရည်မြင့်အောင် သင်တန်းတွေပေးတာ၊ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ အထောက်အထားအခြေခံတဲ့ အချက်အလက်တွေနဲ့  မူဝါဒရေးဆွဲမှုတွေနဲ့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေမှာ ၁၀ နှစ်အတွင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

၁၀ နှစ်အတွင်းမှာ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အကူးအပြောင်း ကာလမှာ ခက်ခဲနွမ်းပါးတဲ့အုပ်စုတွေရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးတဲ့ လုပ်ငန်း၊ တာဝန်ခံ တာဝန်ယူမှုအပြည့်ရှိတဲ့ အရပ်ဘက်ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးတဲ့လုပ်ငန်း၊ အရပ်ဘက် အဖွဲ့တွေနဲ့မီဒီယာစီမံချက်၊ လူငယ်ရေးရာမူဝါဒရေးဆွဲရာမှာ လူငယ်တွေပါဝင်ဖြည့်ဆည်းပေး နိုင်ရေးစီမံချက်နဲ့ သာတူညီမျှပြီး တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ မြှင့်တင်ပေးတဲ့ စီမံချက်တွေကို My Justice အဖွဲ့၊ ညီမျှခြင်းမြန်မာအဖွဲ့နဲ့ Fhi360 တို့အပါဝင် တခြားအဖွဲ့တွေ အလှူရှင်တွေနဲ့ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ဟာ နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသူတွေအတွက် လူသားခြင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ ၂၀၀၈ ခုနှစ် မေလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် မေလမှာ ပြည်တွင်း NGO တခုအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။

LRC ရုံးတွေကို မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ ဘားအံနဲ့ ထားဝယ်တို့မှာလည်း အဖွဲ့ခွဲအနေနဲ့ ရုံးဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013