DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ဘေးရှောင် ၁၀၀ကျော် မြစ်ကြီးနားကို ထပ်မံရောက်လာမည်
DVB
·
May 14, 2018
Donate to DVB

 

ကချင်ပြည်နယ်၊ တနိုင်းဒေသက တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ပြည်သူ  ၁၀၀ကျော် မြစ်ကြီးနားမြို့ကို ဒီကနေ့ ရောက်လာဖို့ ရှိတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေအထဲမှာ ပါလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ လမ်းမှာ ကလေးမီးဖွားတဲ့အတွက်ကြောင့် မေလ ၁၃ ရက်နေ့ကို မရောက်ဖြစ်တာလို့လည်းဆိုပါတယ်။

အောင်လော့ဒ်ကျေးရွာတ၀ိုက်ကနေ  ထွက်လာတဲ့ ပြည်သူ ၂၀၀၀ ကျော်လောက်ဟာ ဧပြီ ၁၁ ရက်ကစပြီး ဘေးလွတ်ရာကိုရှောင်တိမ်းလာပြီး တောထဲမှာ ၁ လဝန်းကျင် လောက်ပိတ်မိပြီးမှ တနိုင်း၊ နမ္မတီး၊ မြစ်ကြီးနားမြို့ပေါ်တွေက ဘုရားကျောင်းတချို့ကို ခိုလှုံဖို့ ရောက်ရှိလာကြတာပါ။

အခုရောက်ရှိလာမယ့် ဒုက္ခသည် ၁၀၀ ကျော်လောက်ဟာလည်း ၁လကျော်လောက် တောထဲမှာ ပိတ်မိပြီးမှ မြစ်ကြီးနားမြို့ကို ရောက်ရှိလာမှာပါ။

မေ၁၁ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အောင်လော့ဒ်ရွာမှာတော့ပိတ်မိနေတဲ့သူမရှိကြောင်းနဲ့ ဘယ်မှာရှိလဲဆိုတာကို မသိဘူးလို့ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013