DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 14, 2018
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ငွေကျပ် ၅၀၇,၀၀၀ ပေါက်ဈေးရှိပြီး တတန်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တတန်ကို ငွေကျပ် ၄၉၆,၅၀၀ ပေါက်ဈေးရှိပြီး တတန်ကို ၁၅,၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ တပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၀၈၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅၅ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ တပိဿာကို ၇၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၁,၄၅၀ ကျပ်ကနေ ၁,၅၀၀ ကျပ် ရှိပါတယ်။

ထောပတ်ပဲ
ထောပတ်ကတော့ ဒီနေ့မှာ တပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၂၆၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၆၅ ကျပ် ဈေးတက်လာပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ တပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၁,၃၅၅ ကျပ်ကနေ ၁,၈၉၅  ကျပ် ရှိပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ တပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၂၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

နှမ်းနီ
အောင်လံကုန်စည်ဒိုင်မှာတော့ နှမ်းနီက ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကုလားပဲခြမ်းကတော့ ဈေးတက်လာပါတယ်။ ဈေးကွက်ထဲ အဝင်များနေပြီး အရောင်းအဝယ်ကလည်း သွက်နေတဲ့အတွက် ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တပိဿာကို ၁၀၀ ကျပ်နီးပါး ဈေးတက်လာပါတယ်။

ပဲကြီးကတော့ ဈေးကျဆင်းလာပါတယ်။ ပြည်ပတင်ပို့မှုကြောင့် မတ်ပဲနဲ့ ပဲစင်းငုံနီတို့ အဝယ်လိုက်နေတဲ့အတွက် ပဲကြီးက ဈေးကွက်အတွင်း အနည်းငယ် အရောင်းအဝယ်အေးပြီး ဈေးက ငြိမ်ပြီး တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တပိဿာကို ၅၀ ကျပ်ကျော် ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013