DVB Logo
Home
မြန်မာသတင်း
ကချင်လူငယ်ထု လှုပ်ရှားမှုဦးဆောင်ကော်မတီ ခေါင်းဆောင် ၃ ဦးကို တပ်မတော် တရားစွဲ
DVB
·
May 14, 2018
Donate to DVB

ကချင်ဒေသတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို လွှတ်ပေးဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်ခံရတဲ့ ခေါင်းဆောင် သုံးဦးကတော့ ကိုဇော်ဂျက်၊ ကိုလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ဖြစ်ပြီး မြစ်ကြီးနားမြို့နယ် တရားရုံးမှာ မေ ၁၆ ရက်မှာ စစ်ဆေးခံရဖို့ရှိတယ်လို့ တရားစွဲခံရတဲ့ထဲမှာ ပါဝင်တဲ့ ကိုလွမ်းဇောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို တပ်က တရားစွဲထားတာ မှန်ပါတယ်။ ဒါပေမယ့် တရားလိုနာမည်တော့ မသိသေးပါဘူး။ ကျနော်တို့ လောလောဆယ် သိသေးတာကတော့ ၁၆ ရက်နေ့မှာ ရုံးချိန်းရှိတယ် ဆိုတာပါပဲ”

ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့အတွက် ကချင်လူငယ်ထုတွေဟာ မေ ၃၀ ရက် ညနေပိုင်းကစပြီး မေ ၈ ရက်အထိ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သပိတ်စခန်းက ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကိုလွမ်းဇောင်းနဲ့ မဆွတ်ဆိုင်းထွယ်တို့ကိုလည်း မြစ်ကြီးနား မြို့နယ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာကြောင့် မြို့နယ်တရားရုံးက ဒဏ်ငွေ သုံးသောင်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ရှေ့နေ့တဦးဖြစ်တဲ့ ဦးရောဘတ်ဆန်းအောင်ကတော့ အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြပြည်သူတွေကို အမှုဖွင့်တာမျိုး မပြုလုပ်သင့်တဲ့အပြင် မဖြစ်မနေ အမှုဖွင့်မယ်ဆိုရင်လည်း ဆန္ဒပြတာနဲ့သက်ဆိုင်တဲ့ ဥပဒေတွေနဲ့သာ အမှုဖွင့် တရားစွဲဆိုသင့်တယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

”ဆန္ဒပြလို့ ဥပဒေနဲ့မညီတာတွေ ဖြစ်လာရင် အရေးယူနိုင်ဖို့ ဥပဒေပြဋ္ဌာန်းထားတာ ရှိတယ်။ အဲဒါနဲ့ပဲ အမှုဖွင့်သင့်တယ်”လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့် တရားစွဲဆိုခံရပါက ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အများဆုံး ၂ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်ပြီး အာမခံရရှိနိုင်တဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013