အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဒီနေ့  မေလ ၁၄ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ပါတယ်။
အနည်းဆုံး အခကြေးငွေကို နေရာဒေသမရွေးဘဲ တနိုင်ငံလုံးမှာ တနာရီ ၆၀၀ ကျပ်၊ ၈ နာရီ ၄၈၀၀ အနေနဲ့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီ သတ်မှတ်နှုန်းထားကို ကြေညာချက်ထွက်တဲ့နေက စပြီး အလုပ်သမားတွေ ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
အဆိုပြု အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို ၂၀၁၈ ဇန်နဝါရီလ ပထမပတ်က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ မတ်လ ပထမပတ်မှာ အဆိုပြုနှုန်းထား ကျပ် ၄၈၀၀ ကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး သတ်မှတ်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ ကို ၂၀၁၅ သြဂုတ်လက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။











