DVB Logo
Home
မြန်မာသတင်း
တဖက်နိုင်ငံက ပြန်ဝင်သူများ ရိုဟင်ဂျာအမည် ဖြည့်စွက်ရေးရပါက အသိအမှတ်ပြုမည် မဟုတ်
DVB
·
May 14, 2018
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့်သူတွေဟာ ပုံစံဖြည့်တဲ့နေရာမှာ မြန်မာနိုင်ငံက အသိအမှတ်မပြုထားတဲ့ လူမျိုးနာမည် အမည်ကို ဖြည့်စွက်ရေးလာမယ် ဆိုရင်တော့ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တောင်ပြိုလက်ဝဲ လ.ဝ.က ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာမယ့်သူတွေက မြန်မာနိုင်ငံက အသိအမှတ်မပြုထားတဲ့ လူမျိုး၊ နာမည်အမည်ကို ပုံစံစာရွက်မှာ ဖြည့်လာမယ်ဆိုရင်တော့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောပါတယ်။

“ကျနော်တို့ အသိအမှတ်မပြုထားတဲ့ လူမျိုးနာမည်တို့ကို ရေးလာမယ်ဆိုရင်တော့ ကျနော်တို့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ပေးတဲ့အချက်အလက်က ဖြည့်ဖို့အချက်က သူ့မှာ တာဝန်ရှိပါတယ်။ ဥပမာ- နိုင်ငံသားကတ်လျှောက်ရင် ကာယကံရှင်ရဲ့ သူ့အဖေ အမေတွေ အကြောင်းအရာတွေ ဖြည့်စွက်ရမယ်။ သူ့ရဲ့မွေးသက္ကရာဇ်၊ ကျနော်တို့က ဘယ်သိနိုင်မလဲ၊ ကာယကံရှင်မှာသာ သူ့မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အသိအမှတ်မပြုထားတဲ့ လူမျိုးဖြည့်မယ် ဆိုရင်တော့ ကျနော်တို့ ဒီလူမျိုးကို ယူချင်မှယူမှာပေါ့”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော-တောင်ပြိုလက်ဝဲ ကုန်လမ်းကြောင်း ပြန်လည်လက်ခံရေး စခန်းနဲ့ ငါးခူးရရေလမ်းကြောင်း ပြန်လည်လက်ခံရေးစခန်းတို့မှာ တဖက်နိုင်ငံက တရားဝင် ပြန်လည်ဝင်လာသူ လက်ခံဖို့ အဆင်သင့်ဖြစ်နေပေမယ့် ယနေ့အချိန်အထိ မိသားစု ၅ ဦးသာ ရှိသေးတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။

သူတို့ မိသားစုဝင် ၅ ဦးဟာ တောင်ပြိုလက်ဝဲ ကုန်းလမ်းကြောင်း ပြန်လည်လက်ခံရေး စခန်းက တရားဝင် ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး သူတို့တွေကို အန်ဗီစီကတ် ထုတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။

ရေလမ်းကြောင်းက ဝင်လာမယ့် တဖက် ဘင်္ဂလားဒေ့ရှ်က သူတွေကို လက်ခံမယ့် နေရာတခုဖြစ်တဲ့ ငါးခူရစခန်းမှာတော့ လက်ခံရေးကိစ္စတွေ အပါအဝင် ဆေးပေးခန်းတွေ၊ သားဖွားခန်းတွေက အစ အဆင်သင့်ဖြစ်နေပေမယ့် ဒီကနေ့ အချိန်အထိတော့ ပြန်လည် ဝင်ရောက်လာမယ့်သူ တဦး တယောက်မှ မရှိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားပြီး တရားမဝင်လမ်းကြောင်းကနေ ပြန်လည်ခိုးဝင်သူ တချို့ ရှိခဲ့တာကြောင့်သူတို့ကို လ.ဝ.က အက်ဥပဒေအတိုင်း အရေးသွားမယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။

တဖက်နိုင်ငံက ပြန်လည်ဝင်ရောက်မယ့်သူတွေကို တောင်ပြိုလက်ဝဲ ကုန်းလမ်းကြောင်း ပြန်လည်လက်ခံရေးစခန်းနဲ့ ငါးခူးရရေလမ်းကြောင်း ပြန်လည်လက်ခံရေးတိုမှာ စိစစ်ပြီးတော့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ကြားစခန်းမှာ ခေတ္တယာယီ နေရာချထားပေးမှာ ဖြစ်ပါတယ်။

အဲဒီကနေတဆင့် ကျေးရွာတွေမှာ နေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာချထားမှာ ဖြစ်ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013