DVB Logo
Home
မြန်မာသတင်း
တူးမြောင်းဖောက်လုပ်ရာတွင် ပါသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးအပ်
DVB
·
May 14, 2018
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးချောင်းရေလှောင်တမံဘက်စုံစီမံကိန်း တူးမြောင်း ဖောက်လုပ်ရာမှာ ပါဝင်တဲ့ မြေယာတွေအတွက် လယ်သမားတွေကို နစ်နာကြေးပေးအပ်ပွဲကို ဒီနေ့ မနက်က ဖြူးမြို့နယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

တူးမြောင်း ခြောက်မြောင်း ဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့ ကျေးရွာအုပ်စု ၅ အုပ်စုက တောင်သူ ၂၇၆ ဦးရဲ့ စုစုပေါင်းလယ်မြေ ၈၈.၆၁ ဧကအတွက် တဧကကို သိန်း ၂၀ ကျပ်နှုန်းနဲ့ နစ်နာကြေး ပေးအပ်ခဲ့တာပါ။

ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှ ဦးစီးမှူး (မြို့ပြ) ဦးမြဝင်းကိုက "ဒီစီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လထဲက စတင်လုပ်ဆောင်ခဲ့တာပါ။ အခုဆို ၈၀ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ ဒီစီမံကိန်းကို စတင်လုပ်ဆောင်ချိန်မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီ ခြောက်မြောင်း ပြီးသွားရင် ဧကသုံးထောင်လောက် ရေပေးဝေနိုင်မှာဖြစ်ပါတယ်။ အခုမြေယာ လျော်ကြေးကိုလည်း ကျနော်တို့က တစ်ဧက သိန်း ၂၀ နှုန်းနဲ့လျှော်ပေးခဲ့တာပါ"လို့ ပြောပါတယ်။

တူးမြောင်းဖောက်လုပ်ရာမှာ လယ်မြေ ပါဝင်သွားတဲ့ တောင်သူဦးထွန်းရွှေက “ဒီတူးမြောင်း ဖောက်မယ်ဆိုတော့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆည်မြောင်းက အဖွဲ့တွေ လာပြီးညှိတယ်။ အခုတစ်ဧကကို သိန်း ၂၀ လျော်ပေးတယ်။ အဆင်ပြေပါတယ်။ ဒီတူးမြောင်းကြောင့် သီးနှံတွေ အများကြီး တိုးစိုက်လာလို့ရသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဖြူးချောင်းတမံ ဘက်စုံစီမံကိန်းကနေ ဒေသတွင်းမှာရှိတဲ့ လယ်ယာမြေဧက ၉၀၀၀၀ ကျော်ကိုရေပေးဝေနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

အခမ်းအနားကို ပဲခူးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေ/မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အပါအဝင် တောင်သူတွေပါ တက်ရောက်ခဲ့ပါတယ်။

သတင်း - ကျော်အောင်(ကညွှတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013