DVB Logo
Home
Lead Story
တာမိုးညဲမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် လက်ဖက်စိုက်ပျိုး
DVB
·
May 14, 2018
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တာမိုးညဲမြို့နယ်မှာ ဘိန်းအစားထိုးသီးနှံအဖြစ် လက်ဖက်စိုက်ပျိုးခင်းတွေကို ပင်လယ်ရေပြင်အထက် ပေ ၂၂၀၀ မှာ စိုက်ပျိုးနေကြပါတယ်။

ဝူးလုံလက်ဖက်ခြောက်ကို ထိုင်ဝမ်မျိုးနဲ့ နည်းပညာဖြစ် စိုက်ပျိုးထားတာကြောင့် ကောင်းမွန်တယ်လို့ ဒေသခံ လက်ဖက်စိုက် တောင်သူတွေက ပြောပါတယ်။

အဆိုပါဒေသမှာ တာမိုးညဲမြို့ပေါ်နဲ့ အနီးနားက ကျေးရွာတွေကနေ လာရောက် လက်ဖက်ခူးတဲ့ အလုပ်သမား လူဦးရေ ၁၀၀ ကျော်နဲ့ နေ့စဉ် လက်ဖက်ခူးကြပြီး တပိဿာကို ၁၃၀၀ ကျပ်ရရှိကာ နေ့စားခတယောက်ကို ကျပ် ၆၀၀၀ ကျော်ကနေ ၇၀၀၀ ကျပ်ထိ ရရှိကြတာ ဖြစ်ပါတယ်။

ဒေသထွက် လက်ဖက်ခြောက်တွေဟာ အရင်နှစ်က တပိဿာကို ကျပ် ၁၃,၀၀၀ ရရှိပြီး ဒီနှစ်မှာတော့ တပိသာကို ၁၀,၀၀၀ ကျပ်ပဲ ဈေးရရှိတာကြောင့် ကျပ် ၃၀၀၀ လောက်  ဈေးကျလာတယ်လို့ လက်ဖက်စိုက် တောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013