DVB Logo
Home
မြန်မာသတင်း
အသက် ၁၀ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်
DVB
·
May 14, 2018
Donate to DVB

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ကျူးလွန်ပြီး တနှစ်ခွဲအကြာမှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ကမာရွတ်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ ဒီအမှုကို အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့ပြီး အခုနှစ် မေလ ၁၁ ရက်မှာ တရားခံ ကျော်အောင် (ခ) ကျော်ကြီး (ခ) ပြာကလောင်ကို သေဒဏ်အမိန့် ချမှတ်ခဲ့တာပါ။

၂၀၁၆  နိုဝင်ဘာ ၂၄ ရက်က  အမျိုးသမီးတဦးဟာ ကမာရွတ်မြို့နယ်၊ လှည်းတန်း ခုံးကျော်တံတားအောက်မှာ ပန်းရောင်းနေတုန်း ညီမရဲ့ခင်ပွန်းဖြစ်သူ တောင်းရမ်းစားသောက်တဲ့ ကျော်အောင် (ခ) ကျော်ကြီး (ခ) ပြာကလောင် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ကျော်အောင်က သူတယောက်တည်း ပိုက်ဆံတောင်းရတာ အဆင်မပြေလို့ အဆိုပါအမျိုးသမီးရဲ့ သမီးဖြစ်သူ  အသက် ၁၀ နှစ်အရွယ် မိန်ကလေးကို သူနဲ့အတူ ထည့်ပေးဖို့ ပြောတာကြောင့် ထည့်ပေးလိုက်ပါတယ်။

ညနေ ၈ နာရီလောက်မှာ ကျော်အောင် ပြန်ရောက်လာပေမယ့် သမီးဖြစ်သူ ရောက်မလာလို့ လိုက်လံရှာဖွေရာမှာ ဟံသာဝတီဘူတာနဲ့ လှည်းတန်းဘူတာကြားက ရထား သံလမ်းပေါ်မှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရပြီး ကမာရွတ်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

ရဲတပ်ဖွဲ့က ဒီအမှုစုံစမ်းဖော်ထုတ်ရာမှာ  ပြစ်မှုကျူးလွန်သူဟာ ကျော်အောင်(ခ)ကျော်ကြီး (ခ) ပြာကလောင်ဖြစ်ပြီး လူသတ်မှုအပြင် မုဒိမ်းမှုကိုပါ ကျူးလွန်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Photo : Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013