DVB Logo
Home
မြန်မာသတင်း

မယ်ဇလီတံတားနှင့် ဇာသပြင်တံတား ကြံ့ခိုင်မှုအရည်အသွေး အဆိုးရွားဆုံးဖြစ်နေ

အောင်ကိုကိုလတ် (နေပြည်တော်)
·
May 16, 2018
မယ်ဇလီတံတားနှင့် ဇာသပြင်တံတား ကြံ့ခိုင်မှုအရည်အသွေး အဆိုးရွားဆုံးဖြစ်နေ
Donate to DVB

 

မြန်မာနိုင်ငံမှာရှိတဲ့ ကြိုးတံတားတွေကို တရုတ်ပညာရှင်တွေက ကြံ့ခိုင်မှုအရည်အသွေး ကို ကူညီစစ်ဆေးပေးနေပြီး လက်ရှိမှာ ကြိုးတံတား နှစ်စင်းက အဆိုးရွားဆုံးအနေအထားနဲ့ ကြုံတွေ့နေရတယ်လို့ ဆောက်လုပ်ရေး ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်းကပြောပါတယ်။

ပညာရှင်တွေရဲ့ စစ်ဆေးချက်အရ ကြံ့ခိုင်မှု အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ တံတားနှစ် စီးကတော့ မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မယ်ဇလီတံတားနဲ့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဇာသပြင် တံတားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကြိုးတံတားတွေကို စစ်ဆေးနေပါတယ်။ အဲဒီထဲမှာ အဆိုးဆုံး တံတား နှစ်စင်းကို တရုတ်က ထောက်ပြပါတယ်။ အဲ့ဒီတံတားနှစ်စင်းဟာ တရုတ်နိုင်ငံရဲ့ သတ်မှတ်ချက်နဲ့ဆို အဆင့် ၅ ဖြစ်နေပါတယ်။ ဒါကို ကျနော်တို့က အန္တရာယ်ရှိတဲ့ အခြေအနေကို ကြေညာပြီးတော့ ခရီးသည်တင် ဘတ်စ်ကားတွေဆိုရင် ဘတ်စ်ကားကို သက်သက်မောင်းခိုင်းလိုက်ပါ။ လူတွေဆင်းလျှောက်ပြီးတော့မှ ဟိုဘက်ကမ်းမှာတက်ပါ။ ကုန်တင်ယာဉ်တွေဆိုရင် ၀န်တွေလျော့ချလိုက်ပါဆိုပြီး မှာထားတယ်။ ကုန်တင်ယာဉ်တွေဆိုရင် ၁၃ တန်အောက် လျော့ချလိုက်ပါတယ်”လို့ ဦးကျော်လင်းက ရှင်းပြပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကြိုးတံတားပေါင်း ၂၉ စင်းရှိပြီး တရုတ်ပညာရှင် ၂၂ ဦးက ကူညီစစ်ဆေးဆောင်ရွက်နေပြီး နည်းပညာတွေ မျှဝေပေးဖို့ကိုလည်း တရုတ်အစိုးရကို အကူအညီတောင်းခံထားပါတယ်။

တံတားတွေရဲ့ ကြံ့ခိုင်ရေးအခြေအနေကို အပြင်ကပဲ မြင်တွေ့နေရတဲ့ ကြိုး၊ ဘေလီ၊ စတီးသံဘောင်၊ အခင်း တွေကိုသာ စစ်ဆေးနိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013