DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်း​ရေးအတွက်ဆန္ဒပြသဖြင့် နောက်ထပ် အမှုဖွင့်ခံရသူ​ ၈ ​ဦး အာမခံရရှိ
DVB
·
May 16, 2018
ငြိမ်းချမ်း​ရေးအတွက်ဆန္ဒပြသဖြင့် နောက်ထပ် အမှုဖွင့်ခံရသူ​ ၈ ​ဦး အာမခံရရှိ
Donate to DVB

 

ရန်​ကုန်​မြို့၊ တာ​မွေအဝိုင်းထိပ်​မှာ ​မေ ၁၂ ရက်​​က ငြိမ်းချမ်း​ရေး လူထုလှုပ်​ရှားမှုဆန္ဒပြပွဲမှာ ပါဝင်​ခဲ့လို့ ​နောက်​ထပ် ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၂၀ နဲ့  အမှုဖွင့်ခံထားရသူ ၈ ​ဦးကို ကိုယ်​တိုင်​ခံဝန်​နဲ့ ဗဟန်းမြို့မရဲစခန်းက အာမခံ​ပေးလိုက်​ပါတယ်​။

တရားစွဲခံထားသူ  ၉ဦးရှိတဲ့အထဲမှာ ကိုသက်​​ဆွေဝင်း၊ ကိုမိုဃ်းသွေး၊ ကိုပိုင်​ရဲသူ၊ ​မောင်​​ဆောင်းခ၊ ကိုထက်​ခိုင်​စိုး၊ မရှားယမုံ၊ မအိအိမိုးနဲ့ မသဉ္ဇာရွှန်းလဲ့ရည်​တို့  ​၈ ဦးကတော့ ရဲစခန်းမှာ မနေ့ညနေက လာ​ရောက်​စစ်​ချက်​ထွက်​ဆိုခဲ့ပြီး လင်းထက်​နိုင်​(ခ)ကိုဂျိမ်းက​တော့ ပြည်​ပခရီးလွန်​​နေတာ​ကြောင့် လာ​ရောက်​ထွက်ဆို​ခြင်း မရှိခဲ့ပါဘူး။

ငြိမ်းစုစီဥပ​ဒေပုဒ်​မ ၂၀ မှာ​တော့ ပြစ်​မှုတခုခုကို ​ဖောက်​ဖျက်​ကျူးလွန်​ပါက ထိုသူကို ပြစ်​မှု​ဖောက်​ဖျက်​ကျူးလွန်​တဲ့နေ့မှ ၁၅ ရက်​အတွင်း သက်​ဆိုင်​ရာတရားရုံးသို့ တရားစွဲဆို တင်​ပို့ရမယ်​လို့ ပါရှိတဲ့အတွက်​ ​မေလ တတိယပတ်​အတွင်း တရားရုံးမှာ စွဲဆိုတင်​ပို့သွားမယ်​လို့ ဗဟန်းမြို့နယ်​ ရဲတပ်​ဖွဲမှူး ရဲမှူးသိန်းဝင်းက ဆိုပါတယ်​။

တရားစွဲတဲ့ရက်​မှာ ကိုလင်းထက်​နိုင်​အ​နေနဲ့ ပြည်​ပခရီးစဉ်​က ပြန်​လည်​​ရောက်​ရှိခြင်း မရှိပါက တရားခံ​ပြေးအဖြစ်​ သတ်​မှတ်​မယ်​လို့ ဆိုပါတယ်​။ ဒါ​ပေမယ့် ပြန်​လည်​​ရောက်​ရှိလာရင်​​တော့ ရဲတပ်​ဖွဲ့ကို လာ​ရောက်​သတင်းပို့မယ်​ဆိုပါက ရဲမှတ်​ချက်​နဲ့ တရားခွင်​​ပေးပို့မှာ ဖြစ်​တယ်​လို့ ဆက်​​ပြောပါတယ်​။

“သူက ပြည်​ပက ပြန်​​ရောက်​မှာ ဘယ်​​နေ့လဲ မသိဘူး။ ၂၇ ရက်​​ကျော်​မှ ပြန်​ရောက်​မယ် ​ဆိုရင်​​တော့ ရဲတပ်​ဖွဲ့ရဲ့ ကျင့်ထုံးလုပ်​နည်းအရ သူ့အိမ်​ကို သွားမယ်​။ သူ့ကို မ​တွေ့ဘူးဆိုရင်​​တော့ သူက​ ရှောင်​တယ်​လို့​တော့ မဟုတ်​ဘူး။ သူ့ကိစ္စနဲ့သွားတာ ဖြစ်​​ကောင်းဖြစ်​မှာ​ပေါ့။ သို့​သော် ​သူ မရှိတဲ့အတွက်​​ကြောင့် သူမရှိ​ကြောင်း အ​ထောက်​အထားကို သက်​ဆိုင်​ရာ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရဲ့ ​ထောက်​ခံစာယူပြီး​တော့မှ တရားခံ​ပြေးသ​ဘောမျိုးနဲ့ စွဲရပါလိမ့်​မယ်​။ အဲအချိန်​မှာ သူကလည်း စွဲပြီးတဲ့အချိန်​​သော် ​လည်း​ကောင်း၊ စွဲ​နေတဲ့အချိန်​​သော်​လည်း​ကောင်း ​ရောက်​လာရင်​ သတင်းပို့လို့ရတယ်​။ ရရင်​ တရားခွင်​အပ်​​ပေးလိုက်​မယ်​။ သူက​တော့ ပြည်​ပ​ရောက်​သွားလို့ပါ။ ကိစ္စတခုနဲ့ နိုင်​ငံခြားသွား​နေလို့ပါဆိုတဲ့ report ​ရေး​ပေးလိုက်​မယ်​။ အဲဒါဆို သူတို့တအုပ်​တည်း ဖြစ်​သွားမယ်​။ ​အေး​အေး​ဆေး​ဆေး အမှုရင်​ဆိုင်​လို့ ရတာ​ပေါ့" လို့ ရဲမှူးက ပြောပါတယ်​။

ရန်​ကုန်​မြို့မှာ တာမွေမှာ ပြုလုပ်​တဲ့ ငြိမ်းချမ်း​ရေးလူထုလှုပ်​ရှားမှု ဆန္ဒပြပွဲနဲ့ပတ်​သက်​ပြီး ဗဟန်းမြို့မရဲစခန်းက ငြိမ်းစုစီဥပ​ဒေပုဒ်​မ ၂၀ နဲ့ တရားစွဲဆိုခံထားရသူ  အမျိုးသား ၁၂ ​ယောက်​၊ အမျိုးသမီး ၅ ယောက် စုစု​ပေါင်း ၁၇​ ယောက်​ ရှိနေပြီဖြစ်​ပါတယ်​။

ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၂၀ အရ  ပြစ်​မှုထင်​ရှား​ကြောင်း ​ပေါ်လွင်​ရင်​​တော့ ​ထောင်​ဒဏ်​ ၁ လနဲ့ ဒဏ်​​ငွေ ၃၀၀၀၀ ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013