DVB Logo
Home
မြန်မာသတင်း
လူမင်း၊ မေသန်းနု၊ ခိုင်သင်းကြည်တို့ ပါဝင်သည့် ဟာသဇာတ်မြူးရုပ်ရှင် - မေတ္တာထားတာ အဟုတ်ကိုပဲ (နမူနာ)
DVB
·
May 16, 2018
လူမင်း၊ မေသန်းနု၊ ခိုင်သင်းကြည်တို့ ပါဝင်သည့် ဟာသဇာတ်မြူးရုပ်ရှင် - မေတ္တာထားတာ အဟုတ်ကိုပဲ (နမူနာ)
Donate to DVB

 

မျက်နှာသစ် သရုပ်ဆောင်တွေရော ဝါရင့်သရုပ်ဆောင်တွေပါ အများကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ မြန်မာဟာသဇာတ်မြူး ရုပ်ရှင်ကားတကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ပန်းသခင်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ထွန်းအောင်ကျော်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သားကို အိမ်ထောင်ပြုပေးချင်တဲ့ အမေနဲ့ အိမ်ထောင်မပြုစေချင်တဲ့ အဖေကြားမှာ ပျော်ပျော်နေတတ်၊ အစအနောက်သန်တဲ့ သားနဲ့ တဖက်ကလည်း တူမလေးတယောက်တည်းကို သမီးရင်းလို ချစ်တဲ့ ဦးလေး မိသားစုကြား အခြေအနေတွေကို ရယ်မောပျော်ရွှင်ဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားတွေ ဖြစ်တဲ့ လူမင်း၊ ဖြိုးငွေစိုး၊ ဗေလုဝတို့နဲ့အတူ ဝါရင့်အမျိုးသမီးသရုပ်ဆောင်တွေ ဖြစ်တဲ့ မေသန်းနု၊ ခိုင်သင်းကြည်တို့လည်း ပါဝင်ထားပြီး သရုပ်ဆောင် အောင်မင်းခန့်နဲ့ ဝင့်ယမုံလှိုင်တို့လည်း တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013