
အီရန်နိုင်ငံရဲ့ စွမ်းရည်တွေကို ရပ်တန့်ဖို့ တိုက်ခိုက်ခဲ့ပုံတွေကို အမေရိကန်စစ်တပ်က ဗွီဒီယိုဖိုင် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ အလယ်ပိုင်းဒေသ စစ်ရေးကွပ်ကဲရေးက အီရန်နိုင်ငံမှာ ရပ်ထားတဲ့ကားတွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ဒီဗွီဒိယိုဖိုင်ကို CENTCOM ရဲ့ X လူမှုကွန်ယက်မှာ ဖော်ပြခဲ့တာဖြစ်ပြီးဘယ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်တော့ ထည့်သွင်းဖော်ပြတာမျိုးမရှိပါဘူး။
ဒီဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး နေရာနဲ့ အချိန်ကို ရိုက်တာက အတည်မပြုနိုင်ဘူးလို့ ဖော်ပြထားပေမဲ့ ဒီဗွီဒီယိုဖိုင်ဟာ မတ် ၂၀ မတိုင်ခင်အထိ အရင်ထုတ်ပြန်ဖူးတဲ့ ဖိုင်အဟောင်းမဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြည်သူ ၈၀,၀၀၀ ကျော် နေထိုင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန် ကြက်ခြေနီဥက္ကဋ္ဌက စနေနေ့မှာ ပြောထားပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက် အီရန်ကို စစ်ပွဲစတင်ချိန်ကတည်းက အခုအချိန်အထိ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေသာမက လူနေအိမ်တွေကိုပါ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုတာပါ။
တီဟီရန် မြို့ပေါ်မှာ လူပေါင်း ၂၀,၀၀၀ လောက်ရဲ့ အိမ်တွေတိုက်ခိုက်ခံပြီး အခြားမြို့တွေမှာ ဒေသခံ ၆၀,၀၀၀ ကျော်ရဲ့ အိမ်တွေ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
အဲဒီအထဲမှာ ကျောင်းပေါင်း ၄၉၈ ကျောင်းပါဝင်သလို ကျန်းမာရေးစင်တာ ၂၆၆ ခုနဲ့ ကွယ်သွယ်ရေးပြုလုပ်တဲ့နေရာ ၁၈,၇၉၀ လည်း ပါဝင်တယ်လို့ ပြောထားပါတယ်။
ဆေးဝန်ထမ်း ၁၂ ယောက် သေပြီး အယောက် ၉၀ ကျော် ဒဏ်ရာရခဲ့ကာ ကလေနဲ့အမျိုးသမီး ၂၃၁ ယောက် အပါအဝင် လူရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အီရန်ကြက်ခြေနီအသင်းက ပြောပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ စစ်ပွဲအတွင်း အီရန်မှာ လူပေါင်း ၁၅,၀၀ ကျော် သေဆုံးထားတယ်လို့ တွေ့ရပါတယ်။
Source: Reuters










