DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှု ချက်ချင်းရပ်ရန် မြန်မာသံအမတ် သတိပေး
DVB
·
May 16, 2018
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှု ချက်ချင်းရပ်ရန် မြန်မာသံအမတ် သတိပေး
Donate to DVB

မြန်မာဘက်ရှိ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းအတွင်း တရားမဝင် နေထိုင်သူတွေကို အဆောက်အဦတွေ ဆောက်လုပ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က အကူအညီပေးနေတာဟာ မြန်မာပြည်ရဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုနဲ့ အချုပ်အခြာအာဏာကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာဖြစ်လို့ ချက်ချင်းရပ်တန့်ဖို့ မြန်မာဘက်က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မေလ ၁၄ ရက် က နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးဖွင့်ရှင်းလင်းပွဲတရပ် ကျင်းပရာမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံဘက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းနဲ့ စိတ်ရင်းမှန်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်အနေနဲ့  နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ရမယ့်အစား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဖင့်နှေးအောင် ဆင်ခြေဆင်လက်တွေ တခုပြီးတခု ပေးနေတာဟာ  စိတ်ပျက်ဖွယ် ဖြစ်တယ်လို့လည်း မြန်မာသံမတ်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ အခြေအနေမှန်ကို ဖုံးကွယ်ကာ မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူတွေကို  ပြန်လည်လက်ခံဖို့ ဆန္ဒမရှိကြောင်း တကမ္ဘာလုံးကို ပြောကြားနေတယ်။ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချစေဖို့နဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေ မြင့်မားလာစေဖို့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ မဟုတ်မမှန် ပြောကြားကာ မြန်မာအစိုးရနဲ့ ပြည်သူတွေကို ပုတ်ခတ်ဝေဖန်နေတယ်၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်”

ဘင်္ဂလားဒေ့ရှ်ဘက်က ဒေသတွင်းမှာ အစွန်းရောက်တွေ ပေါ်ပေါက်လာစေဖို့ အမှတ်တမဲ့ ခွင့်ပြုနေတဲ့အပေါ် လွန်စွာစိုးရိမ်ပူပန်တဲ့အကြောင်း ARSA အနေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခြေကုပ်ယူနေပြီး၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတို့ အမာခံနယ်မြေတခု မကြာမီ ဖြစ်လာလိမ့်မှာ ဖြစ်ကြောင်း၊ မေလ ၉ ရက်က ၄ ဦးကနေ ၆ ဦးအထိ ပါဝင်တဲ့ အကြမ်းဖက်အုပ်စုဟာ ဘူလူကာလီ ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခဲ့ပြီး အသက် ၄၆ နှစ်အရွယ် Mohamed Faisal Ulhaq ဆိုသူကို ခေါ်ထုတ်ကာ ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့လည်း မြန်မာသံအမတ်ကပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးလည်း အကာအကွယ်ပေးမယ့်အကြောင်း၊  အထောက်အထား တင်ပြနိုင်တဲ့ စွပ်စွဲချက်တွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမှာ ဖြစ်ကြောင်း၊  ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးနိုင်ရန်ဖို့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထား တင်ပြနိုင်မယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို မြန်မာ့တပ်မတော်က ကြိုဆိုမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ပြောကြားခဲ့တယ်လို့လည်း  သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေဟာ  ဧပြီ ၂၈ ရက်မှ ၃၀ ရက်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဧပြီ ၃၀ ရက်မှ မေလ ၁ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်တဲ့ တံခါးဖွင့်ရှင်းလင်းပွဲကို လုံခြုံရေးကောင်စီ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ပိုလန်နိုင်ငံက ဦးဆောင်ကျင်းပပြီး ကူဝိတ်၊ ပီရူး၊ ယူကေ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အမေရိကန်၊ ဆွီဒင်၊ ပြင်သစ်၊ ကာဇက်စတန်၊ အီကွေတိုရီးယားဂီနီ၊ ရုရှား၊ နယ်သာလန်၊ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ-UNSC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013