DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် နတ္တလင်းမြို့၌ ဆန္ဒပြသည့်ကျောင်းသားများ ဖမ်းဆီးခံရ
DVB
·
May 16, 2018
ငြိမ်းချမ်းရေးအတွက် နတ္တလင်းမြို့၌ ဆန္ဒပြသည့်ကျောင်းသားများ ဖမ်းဆီးခံရ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့မှာ ပြည်တွင်းစစ်တွေရပ်ဖို့နဲ့ စစ်ဘေးသင့် ပြည်သူတွေ ငြိမ်းချမ်းစေဖို့အတွက် တောင်းဆိုဆန္ဒပြကြတဲ့ အခြေခံပညာ ကျောင်းသားတွေနဲ့ သတင်းထောက်တယောက် မနေ့က ဖမ်းဆီးခံရပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ အတွက် နတ္တလင်းမြို့က အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ)အဖွဲ့ဝင်တွေက တောင်းဆို ဆန္ဒပြခဲ့ကြရာ ကျောင်းသား ၁၃ ယောက်နဲ့ The Voice ဂျာနယ်အလွတ်တန်း သတင်းထောက်တယောက်ကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။

အကသ အဖွဲ့ဝင် ကိုရန်နောင်ကြည်ဝင်းက “ကျနော်တို့ မနေ့က ခွင့်ပြုမိန့် သွားတင်တယ်။ သူတို့က လက်မခံဘူး ၄၈ နာရီအတွင်း တင်ရမယ်လို့ ဆိုတယ်။ ကျနော်တို့က ဒီနေ့လုပ်ချင်တာ သူတို့က လက်မခံတာတော့ မတတ်နိုင်ဘူး”လို့ ပြောပါတယ်။

ကျောင်းသားတွေဟာ မနေ့က နတ္တလင်းမြို့ကနေ ရန်ကုန်မြို့ဘက်အထွက် သကျမဟာ မြတ်မုနိဘုရားကြီးမှာ ဆီမီးထွန်းပူဇော်ကာ   မြန်မာပြည်ငြိမ်းချမ်းရေး အတွက်ဆုတောင်း ခဲ့ကြပြီး မြို့ထဲကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရီဝေယံက “ဒီစစ်ပွဲတွေရပ်ဖို့က ဒီနိုင်ငံမှာ လုပ်နိုင်တာ ကာကွယ်ရေးဦးစီးချုပ်တယောက်ပဲ ရှိတယ်။ သူကိုပြောချင်တာ ထိုးစစ်တွေ ရပ်တန့်ပေးပါ။ စစ်ပွဲတွေ ရပ်ပေးပါလို့ စစ်တပ်ကိုပြောချင်ပါတယ်”လို့ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ထိုးစစ်တွေရပ်ရေး၊ စစ်ဘေးသင့်ပြည်သူတွေကို ကူညီပေးရေး၊ မြန်မာပြည်ငြိမ်းချမ်းရေး တို့အရေး၊ စတာတွေ ကြွေးကြော်ပြီး  မြို့ထဲကို ဆိုင်းဘုတ်တွေကိုင်ဆောင် လမ်းလျှောက်ချီတက်ရာမှာ မြို့ထဲ ဗိုလ်ချုပ်ပန်းခြံ အရောက်မှာ အချုပ်ကားပေါ်ကိုဆွဲတင်ဖမ်းဆီးခံခဲ့ရပါတယ်။

“မင်းတို့လုပ်ချင်ရာကိုလုပ်ပြီးသွားပြီမလား။ မင်းတို့ဆန္ဒတွေ ပြီးသွားပြီဆို စခန်းကို လိုက်ခဲ့ ဟုတ်လား။ မင်းတို့က ဥပဒေအတိုင်း ၄၈ နာရီမတိုင်မီ ခွင့်ပြုမိန့် တင်ရမယ်။ အေးအေးဆေးဆေး လိုက်ခဲ့ပါ။ မင်းတို့ကို ဟိုရောက်ရင် အာမခံပေးပါမယ်”လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်နဲ့အဖွဲ့က ပြောဆိုပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စခန်းမှာ ဆန္ဒပြသူတွေကို နှစ်နာရီလောက် စစ်မေးပြီး ကိုရီဝေယံ၊ ကိုပိုင်ငြိမ်းဝေ၊ ကိုဆောင်ဦးသွင်တို့ကို ပုဒ်မ ၁၉ နဲ့အရေးယူအမှုဖွင့်ပြီး အာမခံပေးလိုက်ကာ ကျန်တဲ့ ကျောင်းသား ၁၂ ယောက်နဲ့ သတင်းထောက် ၁ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013