DVB Logo
Home
မြန်မာသတင်း
၁ နှစ်အတွင်း မိုးကြိုးပစ်၍ လူ ၁၀၀ ကျော် သေဆုံး
DVB
·
May 15, 2018
၁ နှစ်အတွင်း မိုးကြိုးပစ်၍ လူ ၁၀၀ ကျော် သေဆုံး
Donate to DVB

 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တနှစ်အတွင်းမှာ မိုးကြိုးပစ်ခံရလို့  လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် ဧပြီလကနေ ၂၀၁၈ ခုနှစ် မတ်လအထိ ကာလအတွင်း မိုးကြိုးပစ်မှုဖြစ်စဉ် ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၁၁ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူ ၃၉ ယောက်ရှိတယ်လို့ ပြောပါတယ်။

ဒီအချိန်ဟာ မိုးဦးလေဦးကာလဖြစ်လို့  မုန်တိုင်းဖြစ်ပေါ်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ ရေကြီးတာ၊ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်လို့ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ကြဖို့လည်း ဒုသမ္မတတိုက်တွန်းပါတယ်။

ငလျင်နဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး ငလျင်ကြောဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေပြီး ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားစတဲ့ အဓိက မြို့တွေကို ဖြတ်သန်းနေတယ်၊ မကြာသေးခင်က ကလေး၊ ချောက်၊ ဖြူးနဲ့ နေပြည်တော်မှာ ငလျင်ငယ်တွေ မကြာခဏ လှုပ်နေလို့ ပြည်သူတွေ စိုးရိမ်နေကြတယ်လို့လည်း ဒုသမ္မတက ဆိုပါတယ်။

ငလျင်ဘေးအန္တရာယ်ဟာ ကြိုတင် မခန့်မှန်းနိုင်ဘဲ အချိန်မရွေးဖြစ်နိုင်လို့ ငလျင်ဘေး ရင်ဆိုင်တုံ့ပြန်နိုင်ရေးနဲ့ အမြဲအဆင့်သင့်ဖြစ်နေစေရေးမှာ အင်မတန်အရေးကြီးပြီး မိမိတို့ ဘယ်လောက်အထိ ဆောင်ရွက်ပြီးဖြစ်တာကို ဆန်းစစ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ အသစ်ဆောက်လုပ်မယ့် အဆောက်အဦတွေကို Building Code တွေနဲ့ အညီ ဆောက်လုပ်စေဖို့နဲ့ ငလျင်ပြတ်ရွေ့ကြောတွေပေါ်မှာ ရှိတဲ့ မြို့၊ ရွာတွေကို လေ့လာဆန်းစစ်ပြီး လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ဖို့ကိုလည်း မှာကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013