DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆန္ဒပြပွဲကို နှိမ်နှင်းသည့်ကိစ္စ လူ့အခွင့်အရေးကော်မရှင် စုံစမ်းမည်
DVB
·
May 15, 2018
ငြိမ်းချမ်းရေးဆန္ဒပြပွဲကို နှိမ်နှင်းသည့်ကိစ္စ လူ့အခွင့်အရေးကော်မရှင် စုံစမ်းမည်
Donate to DVB

ရန်ကုန်မှာ မေလ ၁၂ ရက်ကပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကို လူစုခွဲနှိမ်နှင်းခဲ့တာနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားစာပေးပို့သွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်ပွဲမှာဦးဆောင်ပါဝင်ခဲ့တဲ့ မရှားယမုံ၊ မသဉ္ဇာရွှန်းလဲ့ရည်၊ မောင်ဆောင်းခနဲ့ ကိုသက်ဆွေဝင်းတို့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို မေလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက တိုင်ကြားစာပေးပို့ခဲ့တာပါ။

အခုလို တိုင်ကြားစာလာရောက်ပေးပို့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင်က “အန်ကယ်လ်တို့ကတော့ ဒီကိစ္စ တိုက်ရိုက်ဆိုင်တာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နောက်ပြီး တခြားနည်းနဲ့ သက်ဆိုင်တာတော့ ပြည်ထဲရေးဝန်ကြီးဌာနပေါ့။ ဌာနကြီးနှစ်ခုကို ကျိုးကြောင်းဖော်ပြပြီး ဒီကိစ္စကိုအကြောင်းကြားမှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ဆန္ဒထုတ်ဖော်မှုကို တန်ပြန်လုပ်ဆောင်ခဲ့တဲ့အဖွဲ့နဲ့ ရဲတပ်ဖွဲ့ကိုလည်း စုံစမ်းမှုတွေပြုလုပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ရှိမရှိကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013