DVB Logo
Home
မြန်မာသတင်း
တန်ဖိုးနည်းအိမ်ရာများ အတိုးနှုန်းမပါ မူရင်းပေါက်ဈေးအတိုင်းရောင်းမည်
DVB
·
May 15, 2018
တန်ဖိုးနည်းအိမ်ရာများ အတိုးနှုန်းမပါ မူရင်းပေါက်ဈေးအတိုင်းရောင်းမည်
Donate to DVB

၁၅ နှစ်အရစ်ကျနဲ့ ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာကို အတိုးနှုန်းမပါ မူရင်းပေါက်ဈေး အတိုင်း ရောင်းချပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်နေတယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

ဒီလိုပြောင်းလဲရတာဟာ အရင်သတ်ချက်အရ အိမ်ရာဝယ်ယူသူတွေအနေနဲ့ အတိုးနှုန်းပေးချေရတဲ့အတွက် မူလပေါက်ဈေးရဲ့ နှစ်ဆကျော်အထိ ပေးချေနေရတဲ့အတွက် ၁၅ နှစ်အရစ်ကျဝယ်ယူဖို့ စိတ်ဝင်စားမှု နည်းပါးလာတာကြောင့် ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် ပြည်သူအတွက် ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။

“အတိုးက CHD ဘဏ်က ရမယ်ဆိုရင် ၁၂ကျပ်တိုးတင်ရတယ်။ ကျန်တဲ့ဘဏ်သည် ၁၃ ကျပ်တိုးဖြစ်ပါတယ်။ ၁၂ကျပ်တိုး၊ ၁၃ကျပ်တိုးဆိုတဲ့အခါ ၁၅နှစ်ပြည့်တဲ့အခါ တန်ဖိုးထက်နှစ်ဆမ ကဖြစ်ပြီး စိတ်ဝင်စားမှုအားနည်းတော့ ဒါကို ကျနော်တို့ နည်းလမ်းရှာနေပါတယ်။ ဥပမာ တင်ပြ ထားတာက အစိုးရ၀န်ထမ်းတွေကို ၁၅ နှစ်ဆိုင်းနဲ့ ရောင်းပေးမယ်။ အတိုးကို ဘယ်သူက ကျခံမလဲ နိုင်ငံတော်ကစိုက်မလား၊ ထောက်ပံ့ရေးအဖွဲ့တွေက စိုက်မလား စသည်ဖြင့် နည်းလမ်း ရှာနေပါတယ်။ သိန်း ၁၂၀တန်အခန်းကို တလကို ၄သောင်းလောက်သွင်းပြီးတော့ ၁၅ နှစ် ပြည့်ရင် အခန်းပိုင်သွားမယ်ဆိုရင် ၀ယ်ကြမှာပဲ။ ဒါနဲ့ပတ်သက်ပြီး တန်ဖိုးနည်းအိမ်ယာကို တကယ်ကို တန်ဖိုးနည်းဖြစ်အောင်လို့ နည်းလမ်းတွေရှာဖွေပြီးတော့၊ အဓိကတော့ ၀န်ထမ်းတွေ သက်သာချောင်ချိဖို့ နည်းလမ်းတွေအများကြီး ရှာနေပါတယ်။ အစိုးရသစ်လက်ထက်မှာ နည်းလမ်းတွေ တင်ပြထားခိုင်းတဲ့အတွက် တင်ပြထားပါတယ်။”

လက်ရှိအချိန်မှာတော့ တန်ဖိုးနည်းအိမ်ရာ တစ်သောင်းကျော်လောက် တည်ဆောက် ထားပြီး နောက်ထက် အိမ်ယာတစ်သောင်းကျော်လောက် ထပ်တည်ဆောက်သွားဖို့လည်း စီစဉ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ တနှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲရဲ့ ဒုတိယနေ့မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ရှင်းလင်းခဲ့ကြတာပါ။

တတိယနေ့ သတင်းစာရှင်းလင်းပွဲကိုတော့ မေလ ၁၇ ရက်နေ့မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ကျန်းမာရေးနှင့် အားကစား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး စတဲ့ ဝန်ကြီးဌာနတွေက ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013