DVB Logo
Home
မြန်မာသတင်း
ဖားကန့်ကျောက်မျက်ကုမ္ပဏီ မီးရှို့ခံရမှု လုပ်သား ၁ ဦးသေဆုံး၊ ၅၀ ဦး ဖမ်းဆီးခံထားရ
DVB
·
May 15, 2018
ဖားကန့်ကျောက်မျက်ကုမ္ပဏီ မီးရှို့ခံရမှု လုပ်သား ၁ ဦးသေဆုံး၊ ၅၀ ဦး ဖမ်းဆီးခံထားရ
Donate to DVB

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ လုပ်ခလစာကိစ္စအဆင်မပြေလို့ ကုမ္ပဏီနဲ့ လုပ်သားတွေ အချင်းဖြစ်ရာကနေ ကုမ္ပဏီပိုင် အဆောက်အုံ၊ ပစ္စည်းတွေ မီးရှို့ခံခဲ့ရသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ လုပ်သားတယောက်သေပြီး အယောက် ၅၀ ဖမ်းဆီးခံထားရပါတယ်။

မေလ ၁၃ ရက်က လုံးခင်းကျေးရွာအနီးက တောက်ပကြယ်နဲ့ မဟာအစပထမ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေဟာ လုပ်ခလစာကိစ္စ္စ အဆင်မပြေ ဖြစ်ခဲ့ကြတာပါ။

ကုမ္ပဏီရုံးရှေ့မှာ လုပ်သားဝန်ထမ်း ၁၀၀၀ လောက်ဟာ သူတို့ရပိုင်ခွင့်တွေ တောင်းဆိုပေမယ့် ညှိနှိုင်းအဆင်မပြေလို့ ည ၇ နာရီခွဲလောက်မှာ ရုံးခန်းနဲ့ အဆောင်တွေကို ခဲနဲ့ပေါက်ကြတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားသတိပေးပစ်ခတ်ခဲ့ပြီး ဝန်ထမ်းတွေက အိပ်ဆောင်နဲ့ ကုမ္ပဏီရုံးခန်းတို့ကို မီးရှို့ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်လို့ ကုမ္ပဏီရုံးခန်း အပါအဝင် အိပ်ဆောင် ၅ ဆောင်၊ ဂိုထောင် ၄ လုံး၊ လူနေ ဆောင် ၁ ဆောင်၊ ပျက်လို့ ရပ်ထားတဲ့ Double Cab မော်တော်ယာဉ် ၅ စီး၊ ဘက်ဟိုး ၁ စီး၊ ဆီမရှိတဲ့ ဂါလံ ၂၄၀၀ ဆံ့ ဆီတိုင်ကီ ၆ လုံး၊ မြေသယ်ယာဉ် ၆ စီး၊ ရေစုပ်စက်အကြီး ၃ လုံး၊ Nissan အမျိုးအစား အုပ်ချုပ်မှုယာဉ် ၂ စီးနဲ့ လီဖန်း သုံးဘီးဆိုင်ကယ် ၂ စီးတို့လောင်ကျွမ်းခဲ့သလို G-20 အမျိုးအစား မြေသယ်ယာဉ် ၁ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီးနဲ့ ပေ ဂိုထောင် အရှေ့ဘက်ခြမ်းတို့ကို ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလုပ်ချိန်စောဆင်းခိုင်းရာကနေ ပြဿနာ စဖြစ်တာလို့ မဟာအစပထမ ကုမ္ပဏီရဲ့ ဝန်ထမ်း တယောက်က ပြောပါတယ်။ အလုပ်သမားတွေဟာ မနက်ပိုင်း မိုးရွာလို့ အလုပ်မဆင်းရတဲ့အတွက် မိုးတိတ်လို့ နေပူတာနဲ့ နားချိန်မှာ အလုပ်ဆင်းခိုင်းရာကနေ လုပ်ငန်းကြီးကြပ်သူတွေနဲ့စပြီး စကားများတယ်လို့ ဆိုပါတယ်။

ည ၉ နာရီ ခွဲအချိန်မှာ အလုပ်သမားတွေက ကျောက်စိမ်းအရိုင်းတုံးတွေ သိုလှောင်ထားတဲ့ ဂိုထောင်ကို ဝင်ရောက်ဖောက်ထွင်းလို့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေက သတိပေးပစ်ခတ်ခဲ့ပြီး လူ ၃ ယောက် ဒဏ်ရာရသွားပြီး နောက်နေ့မနက် စစ်ဆေးရာမှာတော့ ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာနဲ့ တယောက် သေဆုံး နေတာ တွေ့ရတယ်လို့ ပြည်ထဲရေး သတင်းက ဆိုပါတယ်။

မေလ ၁၄ ရက်အထိ ဖမ်းဆီးထားသူပေါင်း ၅၀ ရှိပြီး ဆေးရုံတက်နေသူ ၃၂ ယောက် အပါအဝင် သူတို့ကို ညအချိန် ပုန်းလျှိုးကျော်နင်းမှု၊ မီးရှို့၊ အကျိုးဖျက်ဆီးမှု၊ အသက် (သို့) လုံခြုံရေးကို ဘေးဖြစ်စေမှု၊ ဆဲဆိုမှု၊ အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၄၅၇/ ၄၃၆/ ၄၂၇/ ၃၃၆/ ၂၉၄/ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013