DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 15, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၄၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို အနိမ့်ဆုံးဈေး ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက တအိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၈,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
မန္တလေး ကုန်စည်ဒိုင်မှာတော့ ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၆၃,၀၀၀ ကျပ်မှ ငွေကျပ် ၆၃,၅၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၆,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀  ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၄,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ကုန်စည်ဒိုင်မှာတော့ စားအုန်းဆီက တပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၅၀ ရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၇၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာကာ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲနီပြား
ပခုက္ကူကုန်စည်ဒိုင်မှာ ပဲနီပြားက တတင်းကို ၂၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၆,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၁,၆၀၀ ကျပ်ကနေ ငွေကျပ် ၂၇,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013