DVB Logo
Home
မြန်မာသတင်း
အထက်တန်းပြဆရာ၊ ဆရာမ ၁၇၀၀ ကျော်ကို ရန်ကုန်တက္ကသိုလ်တွင် မွမ်းမံသင်တန်းပို့ချနေ
DVB
·
May 15, 2018
အထက်တန်းပြဆရာ၊ ဆရာမ ၁၇၀၀ ကျော်ကို ရန်ကုန်တက္ကသိုလ်တွင် မွမ်းမံသင်တန်းပို့ချနေ
Donate to DVB

မြန်မာတနိုင်ငံက အထက်တန်းပြဆရာ၊ ဆရာမဦးရေ ၁၇၀၀ ကျော်ကို မြန်မာနိုင်ငံ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကနေ ဦးဆောင်ပြီးဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ရန်ကုန်တက္ကသိုလ်မှာ ပို့ချပေးနေပါတယ်။

ဒီသင်တန်းဟာ အခုနှစ်မှာ စတင်ပြောင်းလဲတော့မယ့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်း ပုံစံအပြောင်းအလဲအတွက်ကို များစွာထိရောက်မှုရှိသလို ဘာသာရပ်တခုချင်းစီကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေက ပို့ချတဲ့အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုတွေ ရှိလာနိုင်မယ်လို့ ဆရာဆရာမတွေကပြောပါတယ်။

ဒီသင်တန်းကိုတော့ အခြေခံပညာစာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေအပြင် ပညာရေးလောကမှာ ကျူရှင်သင်ကြားနေကြတဲ့ ဆရာ၊ဆရာမတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက သံဃာတော်တွေ လာရောက်တက်ရောက်ကြတာ ဖြစ်ပါတယ်။

အဲဒီသင်တန်းကိုတော့ သွားလာရခက်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေလည်း လာရောက်တက်ရောက်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013