DVB Logo
Home
မြန်မာသတင်း
ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဆင်သေ ၁ ကောင် တွေ့ရှိ
DVB
·
May 15, 2018
ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဆင်သေ ၁ ကောင် တွေ့ရှိ
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဆင်သေချောင်းအတွင်းမှာ မေလ ၁၄ ရက် ညနေ ၃ နာရီ ၃၀ မိနစ်လောက်က ခေါင်းကိုသေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ တောဆင်ရိုင်းတကောင် တွေ့ရှိခဲ့ပါတယ်။

သေဆုံးနေတဲ့ တောဆင်ရိုင်းဟာ နှာမောင်းဖြတ်ပြီး အရေခွံနွှာခံထားရတဲ့ အသက် ၃၀ အရွယ်လောက်ရှိ စွယ်စုံတောဆင်ရိုင်းအထီးတစ်ကောင် ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က “ခေါင်းကိုသေနတ်နဲ့ ပစ်ထားခံရတဲ့ စွယ်စုံဆင်ထီးပါ။ အရေခွံ့တွေနွှာတယ်၊ နှာမောင်းကို ဖြတ်ယူသွားတယ် ဆိုတော့ အစွယ်တွေပါ ပါသွားတယ်။ မနေ့ကတုန်းက တွေ့တာတော့ လက်နက်တွေလည်းမမိပါဘူး သာပေါင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”လို့ ပြောပါတယ်။

အသတ်ခံထားရတဲ့ တောဆင်ရိုင်းဟာ အမြင့် ၈ ပေ လုံးပါတ် ၁၁ ပေ ၈ လက်မ အလျှား ၁၀ ပေ ၅ လက်မ အရွယ်ရှိပါတယ်။

တောဆင်ရိုင်းအသတ်ခံရမှုကိုတော့ သာပေါင်းမြို့မရဲစခန်းက(ပ)၁၅၂/၂၀၁၈ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)နဲ့ အမှုဖွင့်ထားပြီး ပစ်ခတ်သတ်ဖြတ်သွားသူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက သစ်တောကြိုးဝိုင်းတွေအတွင်းမှာ ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်း လေးကောင် သတ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013