DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ပဲစင်းငုံဈေးပြန်တက်လာပြီး အရောင်းသွက်
DVB
·
May 15, 2018
ပခုက္ကူတွင် ပဲစင်းငုံဈေးပြန်တက်လာပြီး အရောင်းသွက်
Donate to DVB

 

အိန္ဒိယနိုင်ငံက  ပဲတင်သွင်းခွင့် ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက် ပခုက္ကူဒေသ ပဲစင်းငုံ ဈေးကွက် အရောင်းသွက်လာပြီး ဈေးအနည်းငယ်ပြန်တက်လာနေပါတယ်။

၂၀၁၇ ခု သြဂုတ်လကတည်းက အိန္ဒိယကပဲတင်သွင်းခွင့်ပိတ်ပင်ထားတာကို အခုမတ်လမှာ ပြန်ဖွင့်လိုက်တာကြောင့် ပခုက္ကူဈေးကွက်မှာ ပဲမာခေါ် ပဲစင်းငုံ အရောင်းသွက်လာခဲ့ ပါတယ်။

ဈေးကွက်ပိတ်ထားချိန်က ပခုက္ကူဈေးကွက်မှာ ဈေးနိမ့်နေတဲ့ ပဲစင်းငုံက အခု ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ ပခုက္ကူမြို့ ရတနာဝင်း ပဲမျိုးစုံရောင်းဝယ်ရေးက ဦးထွန်းထွန်းအောင်ကပြောပါတယ်။

“ပြန်ဖွင့်တယ် ဆိုတာက မေ ၁၁ ရက်နေ့ ညနေ ၆ နာရီလောက်မှ သိရပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဆီက ပဲစင်းငုံဈေးက ကျပ်၁၁၇၀၀ ပါ။ ၁၂ ရက်နေ့ကျ ဈေးက တက်သွားပါပြီ။ ဖွင့်တဲ့အသံကြောင့်မို့ ကျပ် ၁၃၅၀၀ ဖြစ်သွားပါတယ် တစ်တင်းကို။ အဲဒါနဲ့ ပွဲစားတွေကလည်း တောင်သူတွေလှမ်းပြော လာကြရောင်းကြ ပျော်ကြတာပေါ့နော။ တချို့ကလည်း ဆက်တက်မယ်ထင်ပြီး မရောင်းကြ သေးဘူးပေါ့”

ပဲစင်းငုံတင်ပို့မှုကို အိန္ဒိယက ဖွင့်ပေးလိုက်တယ်လို့ ဆိုပေမဲ့ မသေချာမှုတွေကလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ရတနာဝင်း ပဲမျိုးစုံရောင်းဝယ်ရေးက ဦးထွန်းထွန်းအောင်က “ကျနော်တို့ မြန်မာပြည်အစိုးရက ပဲစင်းငုံကို မစိုက်ကြဖို့ FM ရေဒီယိုတွေကနေ ကြေညာတယ်။ ရေရှည်အတွက်က မကောင်းဘူး။ မစိုက်ကြနဲ့လို့ ကြေညာပါတယ်။ အဲဒါကို အိန္ဒိယ အစိုးရလည်း ကြားချင်ကြားမှာပါ။ ကြားတော့ အိန္ဒိယကလည်း စိုက်ချိန်အမှီ ဖွင့်ပေးတာလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ဝယ်မှာက ပဲစင်းငုံတန် နှစ်သိန်းလို့တာပြောတာပါ။ ဘယ်ဈေးနဲ့ ဝယ်မယ်၊ ဘယ်နှစ်ကပဲဝယ်မယ်ဆိုတာလဲ မပြောပါဘူး”လို့ ပြောပါတယ်။

အခုမတ်လ ၁၅ ရက် ပခုက္ကူကုန်စည်ဒိုင် ပေါက်ဈေးတွေကတော့ ပဲစင်းငုံနီသစ် ကျပ် ၁၁၅၀၀ ကနေ ၁၃၉၀၀ ပဲစင်းငုံနီဟောင်း ၁၄၇၀၀ ပေါက်ပါတယ်။ ဈေးနှုန်းက တတင်းဈေးနှုန်း ဖြစ်ပြီး အချိန်ကိုလိုက်လို့ ဈေးနှုန်း အပြောင်းအလဲဖြစ်နိုင်ပါတယ်။  

သတင်း - မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013