DVB Logo
Home
မြန်မာသတင်း
ချိန်းရီဖိနပ်စက်ရုံအလုပ်သမား ၆၀၀၀ ကျော်ဆန္ဒပြ
DVB
·
May 15, 2018
ချိန်းရီဖိနပ်စက်ရုံအလုပ်သမား ၆၀၀၀ ကျော်ဆန္ဒပြ
Donate to DVB

 

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆၀၀၀ ကျော်ဟာ အနည်းဆုံး အခကြေးငွေကျပ် ၄၈၀၀ ပေးဖို့ အချက်အပါအဝင် တောင်းဆိုချက် ၁၆ ချက်နဲ့ စက်ရုံအပြင်ဘက်မှာ မနေ့ကတည်းက စတင် ဆန္ဒပြနေကြပါတယ်။

ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ကိုစိုးနိုင်ဦးက “ဆန္ဒစပြတာကတော့ ကျပ် ၄၈၀၀ ပေးဖို့ပါ။ ကျနော်တို့ ဆန္ဒပြပြချင်းနာရီပိုင်းလောက်မှာ အစိုးရက ၄၈၀၀ကိုအတည်ပြုလိုက်တော့ ဆက်တောင်းဖို့ မလိုတော့ဘူးပေါ့။ ၁၅ ချက်ကျန်တာ မနေ့က တချက်ညှိလို့ရခဲ့တယ်။ အခု ၁၄ ချက်ကို ဆက်လက်တောင်းဆိုနေပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်း နေရာဒေသမရွေး အလုပ်သမားတွေကို တနေ့လုပ်အားခ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ပေးဖို့  အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက မေလ ၁၄ ရက်နေ့မှာ အတည်ပြုကြေညာလိုက်တာပါ။

ဖိနပ်စက်ရုံက အလုပ်သမားတွေအနေနဲ့ ကျန်ရှိနေတဲ့တောင်းဆိုချက်တွေကို ဒီနေ့ ညနေပိုင်းမှာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးမှာ ဆက်လက်ညှိနှိုင်းသွားမယ်လို့သိရပါတယ်။

ဒီစက်ရုံမှာ ခန့်မှန်းချေ အလုပ်သမား ၈၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေ ကြတာဖြစ်ပြီး နိုင်ငံခြားသားပိုင် စက်ရုံတရုံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013