DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃ လုံး ပျက်စီး
DVB
·
May 15, 2018
တိုက်ကြီးတွင် တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃ လုံး ပျက်စီး
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ စမ်းရွာကျေးရွာအုပ်စုမှာ တောဆင်ရိုင်းတွေ ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ကျေးရွာနေသူတွေကပြောပါတယ်။

ရေအိုးစဉ်ကျေးရွာ အိမ်ဖျက်ခံရသူ ဒေါ်သန်းနွဲ့က “အခုလာတာက နှစ်ကောင်။ တကောင်က ငှက်ပျောပင်တွေစားနေတာ။ တကောင်က အသံမကြားရဘဲ အိမ်ကို တခါထဲဝင်အောင်းတာ။ ကျမတို့လည်း ပြေးချိန်မရလို့ တဲအောက်မှာ ပုန်းနေရတယ်။ ဆင်ကတော်တော်ကြီးတယ်။ မျိုးစပါးတွေကိုစားနေတုန်း ထွက်ပြေးပြီး လယ်ထဲက သစ်ပင်ပေါ် တက်နေရတယ်။ နောက်ရက်လည်းထပ်လာလို့ လင့်စင်ပေါ်တက်နေရပါတယ်"လို့ပြောပါတယ်။

စမ်းရွာကျေးရွာသား ဦးအောင်ကြိုင်ကတော့ “ကျနော်တို့ကျေးရွာတွေကို ၂၀၀၆ ခုနှစ်က စပြီး တောဆင်ရိုင်းတွေ ဝင်ရောက်လာတာပါ။ အကောင် ၂၅ ကောင်လောက် အုပ်စုလိုက် လာတက်သလို တကောင် နှစ်ကောင်စီလည်း လာတယ်။ အရင်ကတော့ လူတွေ အိမ်တွေကို ဘာမှမလုပ်ဘဲ စိုက်ခင်းတွေကိုသာ ဝင်စားသွားတာပါ။ နောက်ပိုင်းကျတော့ အိမ်တွေကို ဝင်ဖျက်အိမ်ထဲမှာရှိတဲ့ ရိက္ခာတွေကို ဝင်စားပြီး လူတွေကိုပါ အန္တရာယ်ပေးလာပါတယ်။ ကျနော်တူလေးတယောက်ဆို တောဆင်ရိုင်း အနင်းခံရပြီး သေသွားတာပါ။ အခုရက်ပိုင်းမှာ တခြားကျေးရွာတွေမှာလည်း တောဆင်ရိုင်း ဝင်ဖျက်ဆီးခံနေရတယ်လို့ ကြားနေရပါတယ်" လို့ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး လူတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဝင်ရောက်စားသောက်တာ၊ အိမ်ရှိ ရိက္ခာတွေကို ဝင်ရောက်ဖျက်ဆီးစားသောက် တာတွေ ဖြစ်ပေါ်နေပြီး လူကိုပါနင်းသတ်တာတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013