DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက်ဆန္ဒပြမှုဖြင့် တရားစွဲခံရသည့်အမှုပေါင်း တလအတွင်း ၁၃ မှုရှိပြီ
DVB
·
May 15, 2018
ငြိမ်းချမ်းရေးအတွက်ဆန္ဒပြမှုဖြင့် တရားစွဲခံရသည့်အမှုပေါင်း တလအတွင်း ၁၃ မှုရှိပြီ
Donate to DVB

 

မြန်မာပြည်တွင်း စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်း​ရေးရဖို့အတွက် ​ဆန္ဒပြတာ​ကြောင့် ​မေလအတွင်းမှာ တရားစွဲဆိုခံထားရတဲ့အမှုပေါင်း  ၁၃ မှု ရှိ​နေပြီဖြစ်ပါတယ်​။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ​မေလအတွင်းမှာတင်​ တရားစွဲ ဆိုမှု​ပေါင်း ၁၃ မှု ရှိ​နေပြီး တက်​ကြွလှုပ်​ရှားသူ ၄၂ ဦး တရားရင်​ဆိုင်​​နေရတယ်​လို့  အသံ (လွတ်​လပ်​စွာ ထုတ်​​ဖော်​​ပြောဆိုခွင့် လှုပ်​ရှားမှုအဖွဲ့)က အမှု​ဆောင်​ဒါရိုက်​တာ ​မောင်​​ဆောင်းခက ပြောပါတယ်။

အဲ့ဒီအမှု​တွေက​တော့ ရန်​ကုန်​တိုင်း​ဒေသကြီးမှာ ၇ မှု၊ မန္တ​လေးတိုင်း​ဒေသကြီးမှာ ၃မှု၊ ကချင်​ပြည်​နယ်​မှာ ၂မှု၊ ပဲခူးတိုင်းမှာ ၁ မှုတို့ဖြစ်​ပါတယ်​။

တရားစွဲဆိုထားတဲ့အမှု ၁၃ မှုမှာ ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၁၉၊ ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၂၀တို့ အပြင် အသ​ရေဖျက်​မှု ပုဒ်​မ ၅၀၀ တို့လည်းပါဝင်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013