DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလှုပ်ရှားသူများကို အမြန်ဆုံးပြန်လွှတ်ရန် အရပ်ဘက်အဖွဲ့ ၃၉၁ ဖွဲ့တောင်းဆို
DVB
·
May 15, 2018
ငြိမ်းချမ်းရေးလှုပ်ရှားသူများကို အမြန်ဆုံးပြန်လွှတ်ရန် အရပ်ဘက်အဖွဲ့ ၃၉၁ ဖွဲ့တောင်းဆို
Donate to DVB

 

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးတရာစွဲခံထားရတဲ့ မြန်မာနိုင်ငံတ၀န်းက တက်ကြွလှုပ်ရှားသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အရပ်ဘက်လူ့အဖွဲ့အစည်း ပေါင်း  ၃၉၁ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မေလ ၁၂ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသားရေးအမည်ခံ အရပ်ဝတ်တွေက အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့တာဟာ တရားဥပဒေနဲ့မညီဘဲ ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ဖို့ ငြိမ်းစုစီ ဥပဒေအရ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပေမယ့် ရဲတပ်ဖွဲ့က တဖက်သတ်ပယ်ချခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆန္ဒပြသူတွေအပေါ် တန်ပြန်ဆန္ဒပြတဲ့သူတွေက ခွင့်ပြုချက်မရှိလုပ်ဆောင်ခဲ့တာ နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဟန်တားအရေးယူခဲ့တာ မရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

“အမျိုးသားရေးအမည်ခံအင်အားစုများက ရဲတပ်ဖွဲ့ဝင်များ၏ နောက်မှနေ၍ ငြိမ်းချမ်းရေး တောင်းဆိုသူများအား ရန်စခြင်း၊ ဆဲဆိုခြင်း၊ အနှောင့်အယှက်ပြုခြင်း၊ အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့သည်များကိုလည်း ရဲတပ်ဖွဲ့မှ တစုံတရာဟန့်တားခြင်းမရှိခဲ့သည်ကိုတွေ့ရသည်။” လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တရားစွဲတဲ့ ပုဒ်မတွေကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖောက်ထုတ် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

ပြည်ထောင်စုရှေ့နေ့တွေနဲ့  ဥပဒေအထောက်အကူပြုသူများအဖွဲ့ကလည်း ဒီလို ဆန္ဒပြ သူတွေကို ရဲက အင်အားသုံး ဖြိုခွင်းတာ ဥပဒေနဲ့မညီတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄နဲ့ အညီ ၄၈ နာရီ ကြိုတင်အကြောင်းကြားတဲ့အပေါ် ခွင့်မပြုငြင်းဆန်နိုင်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားတာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013