DVB Logo
Home
မြန်မာသတင်း
သီတဂူမျက်စိဌာနက ဟုမ္မလင်းမြို့တွင် မျက်​စိ​ဝေဒနာရှင်​ ၂၀၀ကျော်ကို ခွဲစိတ်ကုသပေး  
DVB
·
May 15, 2018
သီတဂူမျက်စိဌာနက ဟုမ္မလင်းမြို့တွင် မျက်​စိ​ဝေဒနာရှင်​ ၂၀၀ကျော်ကို ခွဲစိတ်ကုသပေး  
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ မျက်​စိ​ဝေဒနာရှင်​ပေါင်း ၂၀၀ကျော်ကို  သီတဂူမျက်စိဌာနက စမ်းသပ်ခွဲစိတ်ပေးခဲ့ပါတယ်။

အဋ္ဌမအကြိမ်​​မြောက် ​ဆေးအလှူ​တော်​နဲ့ ပဉ္စမအကြိမ်​ စက္ခုဒါနအလင်းအလှူမှာ သီတဂူမျက်စိဌာနက မျက်စိခွဲစိတ်အထူးကု ပါမောက္ခ ဒေါက်တာဦးမြအောင် ဦးဆောင်တဲ့ ဆရာဝန်ကြီး ၈ ဦးအပါအဝင် ဟုမ္မလင်းမြို့ မျက်စိဌာန ဆရာဝန်၊ သူနာပြုတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မျက်စိခွဲစိတ်​ကုသမှုကို မေ ၅ ရက်ကနေ ၁၂ ရက်ထိ မျက်​စိ​ဝေဒနာရှင်​ ၂၀၉ ဦးကို စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ပြင်ပလူနာဌာနမှာ လူ ၁၀၀၀ကျော်ကို  စမ်းသပ်ပေးခဲ့ကာ နာဂတောင်တန်းဒေသ အပါအဝင်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့က မျက်စိဝေဒနာရှင်တွေလည်း လာရောက်ကုသခဲ့ကြပါတယ်။

ခွဲစိတ်ပြီးတဲ့ လူနာတွေကိုလည်း  မေလ ၁၄ ရက်နေ့မှာ ပြန်လည်စစ်ဆေးပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013