DVB Logo
Home
မြန်မာသတင်း

ဘတ်ဂျက်ခေါင်းစဉ် လွဲနေသဖြင့် ညောင်လေးပင် အ.မ.က ကျောင်းဆောက်လုပ်မှု ရပ်နားထားရ

DVB
·
May 14, 2018
ဘတ်ဂျက်ခေါင်းစဉ် လွဲနေသဖြင့် ညောင်လေးပင် အ.မ.က ကျောင်းဆောက်လုပ်မှု ရပ်နားထားရ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဆုံကုန်-ဆုံကွဲရွာ အ.မ.က မူလွန် ကျောင်းဆောင်သစ် ဆက်မဆောက်နိုင်တော့ဘဲ တဝက်တပျက် ရပ်နားထားလို့ ကျောင်းဖွင့်ချိန် ကလေးတွေ ကျောင်းတက်ဖို့ အခက်အခဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဆုံကုန်-ဆုံကွဲရွာ အ.မ.က မူလွန်ကျောင်းဆောင်သစ်ကို  Pyi Hein Aung Co.Ltd က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတင်ကာ ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေ ကျပ် ၃၇ ဒသမ ၈  သန်းနဲ့ အကုန်အကျခံကာ တည်ဆောက်နေတာဖြစ်ပြီး ပေ ၁၀၀' ပေ ၃၀' ပတ်လည် Steel Structure တထပ် အမျိုးအစား ဖြစ်ပါတယ်။

မူလကျောင်းဆောင်ဟောင်းကို ဖျက်ကာ အသစ်တည်ဆောက်နေတာဖြစ်ပြီး ဒီကျောင်းဆောင်ကို ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင် မတည်ဆောက်သွားပါက ရွာမှာ နောက်ထပ်ကျောင်း မရှိတာကြောင့် ကလေးတွေ ကျောင်းတက်ဖို့ အခက်အခဲဖြစ်လိမ့်မယ်လို့ ကျောင်းကော်မတီဝင် ဦးညွန့်လွင်က ပြောပါတယ်။

ဆုံကုန်၊ ဆုံကွဲကျေးရွာ အ.မ.က မူလွန်ကျောင်းဆောင်သစ်ကို တည်ဆောက်တဲ့ ဘတ်ဂျက်ဟာ  ကိုးထောင်ကျေးရွာက အ.မ.က မူလွန်ကျောင်းကို ဆောက်ဖို့ ကျထားတဲ့ ဘတ်ဂျက်ကနေ ပြောင်းလဲ အသုံးပြုထားတာ ဖြစ်ပါတယ်။

ကိုးထောင်ကျေးရွာ အ.မ.က မူလွန်ကျောင်းက အလှူရှင် ပေါ်လာတဲ့အတွက် ပညာရေးဌာန၊ ဆောက်လုပ်ရေးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ပင်ပြီး အားလုံး သဘောတူညီချက်အရ ခေါင်းစဉ်ပြောင်းကာ အန္တရာယ်ရှိတဲ့ ဆုံကုန်၊ ဆုံကွဲ အ.မ.က မူလွန်ကျောင်းကို ဖျက်ပြီး အသစ်တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။

ခုလို ဆောက်လုပ်နေချိန်မှာ ဒေသလိုအပ်ချက်အရ ခေါင်းစဉ်ပြောင်းဆောက်တဲ့ ကျောင်းတွေကို ဆောက်လုပ်ခွင့်မရှိဘူးဆိုပြီး ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်ထုတ် လိုက်တာကြောင့် ကုမ္ပဏီအနေနဲ့ ငွေထုတ်ရာမှာ အခက်အခဲဖြစ်သွားခဲ့ရပြီး ခုလို ရပ်နားထားရတာ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခေါင်းစဉ်ပြောင်းပြီး ဆောက်လို့မရဘူးလို့ ညွှန်ကြားချက် ထုတ်တယ်။ သူတို့က ထုတ်လိုက်ပေမယ့် ဒီမှာက ကျောင်းကို ဆောက်ပြီးသွားပြီ။ နောက်ပိုင်း မရတော့ဘူး ဆိုရင် လက်ခံတယ်။ မပြောင်းတော့ဘူး။ ရှေ့မှာ အမှန်တကယ်လိုအပ်လို့ ပြောင်းထားတဲ့ကျောင်းလေ။ အဲဒီလို ထုတ်လိုက်တာကြောင့် ကုမ္ပဏီအနေနဲ့က ငွေထုတ်လို့ မရတော့ သူ့ဘက်က အခက်အခဲဖြစ်ပြီး ရပ်နားထားတာ”

ပဲခူးတိုင်းအတွင်းမှာ ခေါင်းစဉ်ပြောင်းပြီး ဆောက်လုပ်ထားလို့ ရပ်နားထားရတဲ့ ကျောင်း ၂၁ ကျောင်းရှိပြီး ဒီကိစ္စ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့်ကို ဆက်လက်တင်ပြသွားမှာဖြစ်ပြီး အောက်ခြေမှာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေက ကျောင်းဖွင့်ရာသီမှာ အဆင်ပြေပြေနဲ့ စာသင်လို့ရအောင် ညှိနှိုင်းသွားဖို့ စီစဉ်မယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013