DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသူ ၉ ဦးကို ဗဟန်းရဲစခန်း ခေါ်ဆောင် (ရုပ်သံ)
DVB
·
May 13, 2018
ဖမ်းဆီးခံထားရသူ ၉ ဦးကို ဗဟန်းရဲစခန်း ခေါ်ဆောင် (ရုပ်သံ)
Donate to DVB

တာမွေအဝိုင်းထိပ်မှာ ငြိမ်းချမ်းရေးဆန္ဒပြပွဲ ပြုလုပ်လို့ ဖမ်းဆီးခံထားရသူ ၉ ဦးကို မင်္ဂလာတောင်ညွန့်မြို့မစခန်းကနေ ဗဟန်းမြို့မရဲစခန်းကို ဒီနေ့ညနေပိုင်း ခေါ်ဆောင်သွားပါတယ်။

တာ​မွေအဝိုင်းထိပ်​ ငြိမ်းချမ်း​ရေးလှုပ်​ရှားမှုလူထုဆန္ဒပြပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကို​ဇေယျာလွင်​၊ ကိုတင်​ထွဋ်​ပိုင်​၊ ကိုမြတ်​​ကျော်​၊ ကိုဖိုးစိုး၊ မခင်​စန္ဒာတို့အပါအဝင်​ ၉ ဦးကို ဗဟန်းမြို့မရဲစခန်းက ငြိမ်းစုစီဥပ​ဒေပုဒ်​မ ၂၀နဲ့ တရားစွဲဆိုထားတယ်​လို့ တရားလွှတ်​​တော်​ ​ရှေ့​နေ ဦး​ရောဘတ်​စန်း​အောင်​က​  ပြောပါတယ်​။

ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၂၀ က​တော့ ပြစ်​မှုထင်​ရှား​ကြောင်း ​ပေါ်လွင်​ရင်​​တော့ ​ထောင်​ဒဏ်​ ၁ လနဲ့ ဒဏ်​​ငွေ ၃ ​သောင်း ကျခံရမှာဖြစ်​ပြီး အာမခံရရှိဖို့​ ဆောင်​ရွက်​​နေကြပါတယ်​။

မ​နေ့က ည​နေ ငါးနာရီ​လောက်​က ရန်​ကုန်​မြို့အိုးရှန်း​ရှေ့မှာစတင်​ခဲ့တဲ့ ငြိမ်းချမ်း​ရေး လူထုလှုပ်​ရှားမှုချီတက်​ပွဲမှာ ရဲတပ်​ဖွဲ့​တွေက အင်​အားသုံးတားမြစ်​ခဲ့ပြီး ဆန္ဒထုတ်​​ဖော်​သူ​တွေ ဘက်​က လူစုခွဲစဉ်​ ရဲတပ်​ဖွဲ့ဘက်​က အင်​အားသုံးနှိမ်​နှင်းခဲ့တာလည်းဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013