DVB Logo
Home
မြန်မာသတင်း
စစ်ဆေးဆဲ အဂတိလိုက်စားမှုများ လျှို့ဝှက်ထားရသဖြင့် မထုတ်ပြန်နိုင်သေးဟု ကော်မရှင်ပြော
DVB
·
May 13, 2018
စစ်ဆေးဆဲ အဂတိလိုက်စားမှုများ လျှို့ဝှက်ထားရသဖြင့် မထုတ်ပြန်နိုင်သေးဟု ကော်မရှင်ပြော
Donate to DVB

 

အဂတိလိုက်စားတာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရတဲ့အမှုတွေကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လျှို့ဝှက်ထားရတာကြောင့် အမှုဖြစ်စဉ်တွေကို အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ကော်မရှင်က ဒီနေ့ ကြေညာပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေချိန်မှာ အခုလို ထုတ်ပြန်လိုက်တာပါ။

ဝန်ကြီးရဲ့သားကို တိုင်ကြားခံရထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်ကနေအိမ်ကို အထူးစုံစမ်း စစ်ဆေးရေး (စစစ) က ဝင်ရောက် စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပြီး အတည်တော့ မပြုနိုင်သေးပါဘူး။

ကော်မရှင်အဖွဲ့ဝင်တယောက်ကတော့ တိုင်စာရောက်နေတယ်လို့ ကြားကြောင်း ပြောပါတယ်။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးကတော့ ရန်ကုန်ကအိမ်မှာ ဝင်ရောက်စစ်ဆေးခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ဆီက တစုံတရာဆောင်ရွက်ခြင်းမရှိပါဘူး” လို့ ပြောပါတယ်။ စသုံးလုံးကို တိုင်စာရောက်တာလည်း မရှိဘူးလို့ သူက ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၆ ဖွဲ့ ဖွဲ့ထားပြီး လက်ရှိမှာ တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ပြည်ြ့ပည့်စုံစုံရဖို့ ကြိုတင် စုံစမ်းမှု ၁၈ မှု လုပ်နေတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013