DVB Logo
Home
မြန်မာသတင်း
3MDG က ၂၀၁၇ ခုအတွင်း လူဦးရေ ၆.၂ သန်း ကျန်းမာရေး ၀န်ဆောင်မှုပေးနိုင်ခဲ့
DVB
·
May 13, 2018
3MDG က ၂၀၁၇ ခုအတွင်း လူဦးရေ ၆.၂ သန်း ကျန်းမာရေး ၀န်ဆောင်မှုပေးနိုင်ခဲ့
Donate to DVB

 

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို အများဆုံး ထောက်ပံ့ပေးနေတဲ့ 3MDG အဖွဲ့အနေနဲ့ ၂၀၁၇ ခုနစ်အတွင်း မိခင်၊ မွေးကင်းစကလေးနဲ့ ကလေး ကျန်းမာရေး ဝန်ဆောင်မှုတွေကို မြို့နယ် ၄၃ မြို့နယ်က လူဦးရေ ၆.၂ သန်းအထိ ပေးနိုင်ခဲ့ တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း လုပ်ဆောင်ချက်တွေကို ရေးသားထားတဲ့ အစီရင်ခံစာ ထဲမှာ ကလေးငယ်ဦးရေ ၇၂,၀၀၀ ကျော်ကို ကျွမ်းကျင် ဆရာဝန်၊ သူနာပြုနဲ့ သားဖွားဆရာမတွေနဲ့ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

မူးယစ်ဆေး အကြောထဲ ထိုးသွင်းနေသူ ၅၂ ရာခိုင်နှုန်း ကျော်ဖြစ်တဲ့ ၄၃,၀၀၀ ခန့်နီးပါးကို အိပ်ခ်ျအိုင်ဗွီ ရောဂါကာကွယ်ရေး စီမံကိန်းချက်တွေ ရောက်ရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်အနေနဲ့ ရွေ့လျား ကျန်းမာရေးအဖွဲ့ ၉ ဖွဲ့နဲ့ မြန်မာနိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၆၀၊ အကျဉ်းထောင် ၄၃ ခုနဲ့ လုပ်သားစခန်းတွေကို အကြိမ်ပေါင်း ၂၃၀ ကျော် သွားရောက် ကွင်းဆင်းရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

3MDG အနေနဲ့ ငှက်ဖျားရောဂါ သွေးဖောက်စစ်ဆေးမှုပေါင်း ၃၆၆,၀၀၀ဝန်းကျင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ လျာထားချက်ထက် ပိုမို လုပ်ဆောင်နိုင်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013