DV ဗီဇာကံစမ်းမဲ ရွေးခံရသူများ အီးမေးလ်မှ အကြောင်းကြားမည်မဟုတ်ဟု အမေရိကန်ပြော
DVB
·
May 13, 2018

မကြာခင်မှာ ကြေညာတော့မယ့် အမေရိကန် ပြည်ဝင်ခွင့် DV ဗီဇာကံစမ်းမဲအစီအစဉ်အတွက် ရွေးချယ်ခံရသူတွေကို အီးမေးလ်ကနေ အကြောင်းကြားမှာ မဟုတ်ဘူးလို့ အမေရိကန်သံရုံးက ကြေညာပါတယ်။
၂၀၁၉ ခုနှစ် DV ကံစမ်းမဲဗီဇာအတွက် ရွေးချယ်ခြင်းခံရလား ဆိုတာကို လာမယ့် မေ ၁၅ ရက် ကစပြီး E-DV အင်တာနက် ဝက်ဘ်ဆိုက် www.dvlottery.state.gov မှာ ဝင်ရောက်စစ်ဆေးဖို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
အမေရိကန် ဗီဇာ လျှောက်ထားသူတွေအတွက် ပွဲစားနဲ့ လိမ်လည်သူတွေက သံရုံးက သုံးလေ့မရှိတဲ့ နည်းလမ်းတွေနဲ့ လျှောက်ထားဖို့၊ စစ်ဆေးဖို့ စသဖြင့် လိမ်လည်တာတွေ နှစ်စဉ်လိုလို ဖြစ်နေတာပါ။