Home
မြန်မာသတင်း
မိတ္ထီလာတွင် မိုးသက်လေပြင်းကြောင့် လိုင်းခန်းနှင့် ကားပေါ် သစ်ပင်ပိ
DVB
·
May 13, 2018
32264016_2664816240324043_6725809031941718016_n
32252636_2664816166990717_769495029470199808_n
32238656_2664816126990721_992603835874672640_n
32235375_2664816083657392_3346076924299444224_n
32215267_2664816193657381_1569562276103454720_n
  မိတ္ထီလာမှာ မေလ ၁၁ ရက်ညက မိုးသက်လေပြင်း တိုက်ခတ်ခဲ့လို့  ရဲစခန်းလိုင်းခန်း နဲ့ အိမ်စီးကားတစီးပေါ်သစ်ပင်ပိပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ မိတ္ထီလာအမှတ်၂ ရဲစခန်းထဲက ရဲတပ်သား ဖြိုးသူရဌေးရဲ့ လိုင်းခန်း အနောက်ဘက်က သစ်ပင်ကျိုးကျပြီး လိုင်ခန်းအမိုးပျက်စီးသွားပေမယ့် မိသားစု ၃ ဦးလုံး ဒဏ်ရာမရပါဘူး။ တချိန်တည်းမှာပဲ ကိုကျော်ကျော်ဦး မောင်းလာတဲ့ Hilux ကားပေါ်ကို ကုက္ကိုပင်လဲကျခဲ့လို့ လူဒဏ်ရာမရပေမယ့် ကားကတော့ ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ဆိုင်ကယ်စီးနေတဲ့ ‎ဆေးကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးလည်း ‎သစ်ကိုင်းကျိုးကျမှုကြောင့် ဒဏ်ရာရခဲ့သလို အုတ်ကန်မိုးထားတဲ့‎သွပ်ပြား လန်ထွက်တာကြောင့် ဒေါ်ချိုချိုစန်း ဦးခေါင်းငယ်ထိပ်ပြတ်ရှ သွားတယ်လို့ သိရတယ်။ ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအုပ်တင်ထွန်း‎အောင်က “ရဲတပ်သားလေးမိသားစုကို အစည်းအဝေးခန်းမထဲ နေရာချထားတယ်။ ‎Hiluxကားပေါ်ပါသူ ၄ ဦးလုံးဒဏ်ရာမရပါဘူး။ ဆိုင်ကယ်စီးနေတဲ့ ‎အမျိုးသမီးနဲ့ ဒေါ်ချိချိုစန်းတို့ကတော့ မိတ္ထီလာဆေးရုံမှာ ဆေးကုပါတယ်။ မစိုးရိမ်ရပါဘူး။ ဌာနဆိုင်ရာတွေ ပြည်သူတွေ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေး နေပါတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မှာ ဧပြီလနဲ့ မေလ တို့မှာ ‎နှစ်စဉ်လိုလို မိုးသက်လေပြင်း တိုက်ခတ်လေ့ရှိပြီး အခုတခါလေတိုက်တာက ပျက်စီးမှု ထိခိုက်မှု များတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024