DVB Logo
Home
မြန်မာသတင်း
စစ်ပွဲများရပ်တန့်ရေး ပေါင်းတည်မြို့ခံများ တောင်းဆိုဆန္ဒပြ
DVB
·
May 13, 2018
စစ်ပွဲများရပ်တန့်ရေး ပေါင်းတည်မြို့ခံများ တောင်းဆိုဆန္ဒပြ
Donate to DVB

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ဒေသခံတွေက ပြည်တွင်းငြိမ်ချမ်းရေးရဖို့၊ စစ်ပွဲတွေ ရပ်ဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

လတ်တလော ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့်၊ အရပ်သားတွေ ပိတ်မိနေတာနဲ့ ဒီနေ့ မေလ ၁၂ ရက် နေ့မှာ မူဆည်မြို့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပေးဖို့အတွက် မေလ ၁၂ ရက်နေ့မှာ ပေါင်းတည်မြို့က ဒေသခံ လူ ၂၀၀ လောက်က ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

“ကျုပ်တို့က စစ်ပွဲဆိုရင်ဘယ်စစ်ပွဲမှ လက်မခံနိုင်ပါဘူး။ အဓိက ခံနေရတာ ပြည်သူတွေပါပဲ။ တိုင်းပြည်လည်း အဆင်းရဲဆုံး အခြေအနေမှာရောက်ရှိနေပါပြီ။ စစ်တပ်ကိုလည်း အမုန်းစကားမပြောချင်ပါဘူး။ လက်နှက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကိုလည်း မမုန်းပါဘူး။ အဓိကက ကြားကပြည်သူတွေ ဒုက္ခရောက်နေလို့အခုလို တောင်းဆိုတာပါ” လို့ ပေါင်းတည်မြို့ခံ ကိုခင်မောင်နိုင် ကပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မေလ ၁၁ ရက်နေ့ မြို့နယ်ရဲ တပ်ဖွဲ့မှုးရုံးကို ခွင့်ပြုမိန့်တင်ခဲ့ပြီး မေလ ၁၂ မှာ ခွင့်ပြုကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။

ဒီနေ့ပွဲကို မေလ ၁၂ ရက် ညနေ ၅ နာရီထိုးမှာ မှတ်တိုင်လမ်း မယ်လိုရီ ကဖီးရှေ့ကနေ စတင်ခဲ့ပြီး စစ်ပွဲများချက်ခြင်းရပ်၊ စစ်ပွဲများချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေးအဖြေရှာပေး၊ စစ်ဘေးသင့်ပြည်သူများကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ရှိရေး၊ စစ်ဘေးသင့်ပြည်သူများကို အကာအကွယ်ပေးရေး စတဲ့ ကြွေးကြော်မှုတွေနဲ့ မှတ်တိုင်လမ်း၊ ဘုရားကြီးလမ်းတွေကနေ ပြည်-ရန်ကုန် လမ်းပေါ်က အာဇာနည်ကျောက်တိုင် ရှေ့အထိ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013