DVB Logo
Home
မြန်မာသတင်း
ကိုင်းကြီး (မြို) ရွာတွင် နေထိုင်သူများ အပြင်ထွက် အလုပ်လုပ်ကိုင်ရန် စိုးရိမ်နေ
DVB
·
May 12, 2018
ကိုင်းကြီး (မြို) ရွာတွင် နေထိုင်သူများ အပြင်ထွက် အလုပ်လုပ်ကိုင်ရန် စိုးရိမ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော တောင်ပိုင်း ကိုင်းကြီး (မြို) ရွာမှာ နေအိမ်တွေ ဆောက်လုပ်ပြီးစီး နေထိုင်နေကြပေမယ့် အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်မောင်တောကနေ ၁၀ မိုင်ဝန်းကျင်ကွာဝေးတဲ့ ကိုင်းကြီးရွာမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ အလှူရှင်တချို့က ဆောက်လုပ်ပေးထားတဲ့ နေအိမ် ၅၆ လုံးရှိပြီး လမ်းရဲ့ တဖက်ခြမ်းမှာ ပဲခူးတိုင်းအစိုးရ အဖွဲ့အလှူရှင်တချို့က ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေက ၆၄ လုံးရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်က ကိုင်းကြီးမြိုရွာဒေသခံ ၈ ဦးကို ARSA အကြမ်းသမားတွေက သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီလိုပဋိပက္ခတွေ မဖြစ်ခင်မှာ တော-တောင်တွေသွားပြီး လွတ်လွတ်လပ်လပ် ငါရှာ-ဖားရှာရခဲ့ပေမယ့် အခု အချိန်မှာတော့ ဒေသခံတွေက မသွားရဲကြတော့ဘူးလို့ပြောပါတယ်။

အဲ့ဒီမှာ မြိုတိုင်းရင်းသား ၆၃၀ ရှိပြီး လက်ရှိအချိန်မှာတော့ အစိုးရက ထောက်ပံ့ပေးထားတဲ့ ကယ်ဆယ်ရေးတွေနဲ့ စားသောက်နေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လက ကိုင်းကြီးမြိုရွာမှာ ယောက်ျား ဖြစ်သူ အသတ်ခံခဲ့ရတဲ့ မထွေးကတော့ စားဖို့သောက်ဖို့ အဆင်ပြေတယ်ဆိုပေမယ့် အရင်တုန်းကလို ဖြစ်မှာကို စိုးရိမ်းနေတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ လဆန်းပိုင်းက မြိုတိုင်းရင်းသား ၈ ဦးကို ARSA အကြမ်းသမားတွေက သတ်ဖြတ်ပြီးနောက် ဘူးသီးတောင် အထက နဲ့ အလိုတော်ပြည့်ကျောင်းမှာ ၂ လကြာနေခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုင်းကြီး ရခိုင်ရွာစာသင်ကျောင်းမှာ နေခဲ့ရပြီး သစ်၊ ၀ါးထရံကာတွေနဲ့ ယာယီတဲစခန်းဆောက်လုပ်နေထိုင်ခဲ့ရတာပါ။

ကိုင်းကြီး (မြို) တိုင်းရင်းသားကျေးရွာကိုတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်ပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီးမံကိန်း UEHRD တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်ပေးခဲ့ကြတာပါ။

အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် မောင်တာ ရွှေဗဟိုကျေးရွာ ၃ မိုင်ရပ်ကွက် ကိုင်းကြီးမြိုတိုင်းရင်းသား ကျေးရွာအပါအဝင် မောင်တောဒေသတွေက မြိုတိုင်းရင်းသား ၆၀၀ ကျော်အခုလို ကိုင်းကြီး (မြို) လာရောက် နေထိုင်ကြတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013