DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် ကျေးရွာများတွင် ရေရှားပါးမှုကြောင့် အခက်ကြုံ
DVB
·
May 12, 2018
တိုက်ကြီးမြို့နယ် ကျေးရွာများတွင် ရေရှားပါးမှုကြောင့် အခက်ကြုံ
Donate to DVB

တိုက်ကြီးမြို့နယ်အတွင်းရှိ ရေစက်တောင်၊ လိပ်ကြည်၊ ကျောက်တောင်၊ ချင်းကုန်းနဲ့ ကျားကျောင်းကျေးရွာတွေမှာ သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲ ကြုံတွေ့နေကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ရေစက်တောင်ကျေးရွာမှ ဒေါ်သန်းသန်းဝင်းက "ကျမတို့ကျေးရွာမှာ ရေရှားတာ သုံးနှစ်ရှိပြီ။ မသန့်တဲ့ သောက်သုံးရေတွေကြောင့် ကျန်းမာရေး ထိခိုက်မူတွေလည်းရှိတယ်။ ရေလှူတဲ့အဖွဲ့တွေ မလာရင် လက်ယက်တွင်းက ရေအနောက်တွေကို သုံးရတယ်၊ ရေဝယ်သုံးရပါတယ်" လို့ပြောပါတယ်။

ကျေးရွာသားတဦးဖြစ်တဲ့ ဦးထွန်းဝင်းကတော့ "ကျနော်တို့ ကျေးရွာတွေမှာ လူတွေတင် ရေငတ်တာမဟုတ်ပါဘူး၊ တိရစ္ဆာန်တွေပါ ဒုက္ခရောက်နေတာပါ။ နွားတွေ ကျွဲတွေဆိုလည်း လက်ယက်တွင်းကရေကို တိုက်ရတယ်။ လွှတ်ထားပေးပြီး လမ်းဘေးက ရေအိုင်လေးတွေက ရေကိုသောက်ရပါတယ်။ စက်ရေတွင်း လာလှူထားပေမယ့် ဆီကို ရွာသားတွေ ပိုက်ဆံစုပြီး မောင်းရတော့ များများမမောင်းနိုင်ပါဘူး။ တနေ့တခါလောက်ပဲ မောင်းနိုင်တော့ ရေကမလုံလောက်ပါဘူး" လို့ ပြောပါတယ်။

နှစ်စဉ်ရေရှားပါးတဲ့ ကျေးရွာတွေကို ရေလှူနေတဲ့ သက်ကြီးဘိုးဘွားများ စောင့်ရှောက်ရေး ပရဟိတအဖွဲ့မှ ကိုဉာဏ်လင်းထက်က "ကျေးရွာအုပ်ချူပ်ပိုင်းနဲ့ဆက်သွယ်ပြီး သောက်သုံးရေ တကယ်အခက်အခဲဖြစ်တဲ့ ကျေးရွာတွေကို လိုက်လှူပေးနေတာပါ။ ကျေးရွာလိုအပ်ချက်ပေါ် မူတည်ပြီး တနေ့ကို သုံးခေါက်လောက်လှူဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့လိုပဲ တခြား အဖွဲ့လေးငါးဖွဲ့ကလည်း လာလှူပါတယ်။ တိုက်ကြီးမြို့နယ်က ကျေးရွာတော်တော်များများမှာ နှစ်စဉ်သောက်သုံးရေ ရှားပါမူတွေဖြစ်နေပါတယ်"လို့ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ဂျိုးဖြူသောက်သုံးရေကန်ကြီး ရှိနေပေမယ့် ကန်ဘေးနားက ကျေးရွာတွေမှာ အခုလို နွေရာသီရောက်တိုင်း သောက်သုံးရေမလုံလောက်မူတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း ဓာတ်ပုံ မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013