DVB Logo
Home
မြန်မာသတင်း
ကရင်တော်လှန်ရေး ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် မန်း​ရောဘတ်​ဇန် ​ကွယ်လွန်
DVB
·
May 12, 2018
ကရင်တော်လှန်ရေး ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် မန်း​ရောဘတ်​ဇန် ​ကွယ်လွန်
Donate to DVB

ကရင်တော်​လှန်​​ရေးမှာ​​ရော စာ​ပေမှာ​ပါ အားသွန်​ခွန်​စိုက်​ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကရင်တော်လှန်ရေး ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ မန်း​ရောဘတ်​ဇန်ဟာ မေ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီက အ​မေရိကန်​ပြည်ထောင်စုရှိ  နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သမီးဖြစ်သူ မူမူဘဇန်က ပြောပါတယ်။

မန်းရောဘတ်ဇန် (ခေါ်) ဖူးကီးဒိုဟာ ပြီးခဲ့နှစ်တွေကတည်းက အဆုတ်ကင်ဆာရောဂါ အဆင့် ၄ ဝေဒနာခံစားနေခဲ့ရတာဖြစ်ပါတယ်။

သူကွယ်လွန်သွားတဲ့အပေါ် ကရင်လက်နက်ကိုင်အဖွဲ့ ဒီကေဘီအေက အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တဦး ဆုံးရှုံးသွားတာဖြစ်တယ်လို့ ၀မ်းနည်းခြင်း သ၀ဏ်လွှာ ထုတ်ပြန်ထား ပါတယ်။

“ဗိုလ်မှူးကြီးရောဘတ်ဇန် (ဖူးကီးဒို) ဒီအေဘီ ကြောင်းမှူးသည် ဘ၀တလျှောက် ကရင့်တော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေးအတွင်း အပ်နှင်းပေးဆပ်ခဲ့သူဖြစ်ပြီး သူ၏ဖြန်သန်းမှုများသည် မျိုးဆက်သစ် တော်လှန်ရေးအင်အားစုများအတွက် ကောင်းမွန်သည့် အစဉ်အလာကို ဦးဆောင်လမ်းပြခဲ့ခြင်းပင်ဖြစ်သည်”လို့ ဖော်ပြပါတယ်။

မန်းရောဘတ်ဇန်ဟာ ကရင့်တော်လှန်ရေးမှာ တာဝန်ဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး တိုင်းရင်းသားတန်းတူရေးအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက် ၇၇ နှစ်ရှိပြီဖြစ်ကာ ဇနီးနဲ့ သားသမီးမြေးတွေကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013