DVB Logo
Home
မြန်မာသတင်း
မင်းတုန်းတွင် လေပြင်းကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီး
DVB
·
May 12, 2018
မင်းတုန်းတွင် လေပြင်းကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီး
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ သရက်​ခရိုင်၊ ​မင်းတုန်းမြို့၊ "မှန်​​"​ ကျေးရွာမှာေ​​​မ ၁၁ ရက် ​ည​နေ ၄ နာရီလောက်က ​လေပြင်းတိုက်​ခတ်​မှုကြောင့် လူ​နေအိမ် ​​၅၅ လုံး အမိုးလန်​ပျက်​စီးသွားပါတယ်။

“အပျက်​အစီးစာရင်းက ပြုစု​နေတုန်းပဲ။ များတဲ့သူလည်းများ၊ နည်းနည်းပါးပါးသမားလည်းရှိ ​ပေါင်းလိုက်​ရင်​​တော့ ၅၀​ ကျော်​​ပေါ့။ မှန်​ရွာက ရွာမကြီးနဲ့ ရွာသစ် ​၂ ရွာရှိတာ ၂ ရွာ​လုံးလန်​တာ၊ ရွာမကြီးက၂၉ လုံးရွာသစ်​က၂၆ လုံး" လို့ ရဲအုပ်​သူရိန်​​အောင်​က ​ပြောပါတယ်။

မှန်​​ကျေးရွာသားတဦးက "မိုးက ​ရေသိပ်​မပါဘူး​၊ လေတိုက်​ကြမ်းတာ၊ တိုက်​တာက​တော့ တနယ်​လုံးပဲ။ မှန်​ရွာက ပိုပြီးကြမ်းသွားတာ၊ တခါမှ ဒီ​လောက်​မဆိုးဘူး" လို့ ​ပြောပါတယ်။

လေပြင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ မြို့နယ်​ရဲတပ်​ဖွဲ့၊ မီးသတ်​ဖွဲ့တို့က လာ​ရောက်​ကူညီ​ဆောင်​ရွက်​​ပေး​နေကြ​ကြောင်းနဲ့ လူအထိအခိုက်​မရှိ​ဘူးလို့ ဆိုပါတယ်။

လွန်​ခဲ့​တဲ့ ရက်​ ၂၀ လောက်ကလည်း မှန်​​ကျေးရွာအုပ်​စု ဇွန်းကျ​ကျေးရွာမှာေ​​လေပြင်းတိုက်​ခတ်​မှုကြောင့် အိမ်​တချို့အမိုးလမ်​ပျက်​စီးပြီး ​နေအိမ်​တလုံးသစ်​ပင်​ပိကာပြိုကျခဲ့ပြီး လူထိခိုက်​ဒဏ်​ရာရတာတော့ မရှိခဲ့ဘူးလို့ နေအိမ်​သစ်​ပင်​ပိခံရသူ ကိုနိုင်​ဦးက ​ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - နေမှူးလူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013