DVB Logo
Home
မြန်မာသတင်း
ရာသီဥတုကြောင့် ကလေးမြို့တွင် စိန်တလုံးသရက်စိုက်ပျိုးသူများ အရှုံးပေါ်
DVB
·
May 12, 2018
ရာသီဥတုကြောင့် ကလေးမြို့တွင် စိန်တလုံးသရက်စိုက်ပျိုးသူများ အရှုံးပေါ်
Donate to DVB

ကလေးမြို့ စိန်တလုံးစိုက်ပျိုးသူတွေအနေနဲ့ ရာသီဥတုဆိုးဝါးပြီး အဖျက်ပိုးပြဿနာကြောင့် အသီးအပျက်များလို့ ဈေးကွက်မှာ အရှုံးပေါ်နေတယ်လို့ စိန်တလုံးသရက် စိုက်ပျိုးသူ ကိုကြည်ရအောင်က ပြောပါတယ်။

"ဒီနှစ်က မိုးများတယ်။ ပူလိုက်အုံ့လိုက်နဲ့ဆိုတော့ သရက်ဖူးချိန်ကတည်းက ဆုပ်ပိုးတွေကျတယ်။ အဲ့ဒါကြောင့် အလုံးအထွက်နှုန်းက ၈၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းတယ်။ အရင်က အပင်က ၇၀၀ စိုက်တာ ကောင်းတဲ့ နှစ်ဆို အလုံး ၁ သိန်းလောက်ရတယ်။ ဒီနှစ် အလုံး ၁ သောင်းတောင်ပြည့်မယ် မထင်ဘူး" လို့ ကိုကြည်ရအောင်က ပြောပါတယ်။

ကလေးမြို့မှာ စိန်တလုံးသရက်ခြံလုပ်ငန်းကို ဧကပေါင်း ၁ သောင်းနီးပါး လုပ်ကိုင်နေကြပြီး ၂၀၁၇ ခုနှစ်ကလည်း လေဒဏ်ကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ စားသုံးသူဈေးကွက်အနေနဲ့ မူတယ်ကတဆင့် တရုတ်ပြည် တင်ပို့ခြင်းနဲ့ ကလေးမြို့ကတဆင့် အိန္ဒိယပြည်ကို တင်သွင်းနေကြပါတယ်။

"သရက်ပိုးက စိုက်ပျိုးသူတွေ ညီမျှမှ ပိုးအန္တရာယ်က သက်သာမှာ။ ဒီဘက်ခြံက ဆေးဖြန်း ဟိုဘက်ခြံက ဆေးဖြန်း မညီရင်လည်း ပိုးက မနိုင်ဘူး" လို့ သရက်ခြံလုပ်ငန်းလုပ်သူတဦးက ပြောပါတယ်။

ကလေးမြို့မှာ အဓိက စိန်တလုံးကို စိုက်ပျိုးကြပြီး ဒုတိယအနေနဲ့ ပတ္တမြားငမောက်ကို စိုက်ပျိုးကြပါတယ်။ စိန်တလုံးဈေးစိုက်ကွက် ဧက ၃၀ ကို တစ်ရာသီ ပြုစုစရိတ် ၂၅ သိန်းဝန်းကျင်ရှိနေပြီး ဒီနှစ် ပိုးဖျက် အသီးပျက်တာကြောင့် လုပ်အားခတွေ ဆုံးရှုံးမယ့် အခြေအနေရှိနေပြီး အထွက်နည်းတာကြောင့် စိန်တလုံးဟာ ဈေးကွက်မှာ ဈေးကောင်းနိုင်မယ်လို့ သရက်လုပ်ငန်းရှင်တွေက တွတ်ဆနေကြပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013