DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားများကို ထိုင်းအလုပ်ရှင်က လုပ်အားခ ဘတ် ၁၀ သန်းကျော်ဖိုး ပြန်ပေးရန် သဘောတူ
DVB
·
May 11, 2018
မြန်မာလုပ်သားများကို ထိုင်းအလုပ်ရှင်က လုပ်အားခ ဘတ် ၁၀ သန်းကျော်ဖိုး ပြန်ပေးရန် သဘောတူ
1 / 3
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ကဘင်ပူရီမြို့နယ်ရှိ  ငါးဖမ်းပိုက်လုပ်ငန်းစက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်ထံက ရသင့်ရထိုက်တဲ့ လုပ်အားခ မရတာ ၊ အချိန်ပိုလုပ်ခ မရတာတွေကြောင့် ဆန္ဒပြခဲ့ကြပြီးနောက် အလုပ်ရှင်သူဌေးက  ဘတ် ၁၀ သန်းကျော်ဖိုး လုပ်အားခတွေ ပြန်ပေးဖို့ သဘောတူလိုက်ပါတယ်။

အဆိုပါ ငါးဖမ်းပိုက်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ လုပ်အားခ အပြည့်အဝ မရကြောင်း တိုင်ကြားလာတဲ့အတွက် ကမ္ဘောဒီးယားနယ်စပ်ရှိ  အဆိုပါစက်ရုံကို မေလ ၉ ရက်က သွားရောက်ပြီး လုပ်အားခ ပြန်ရရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုရဲမင်းက ပြောပါတယ်။

“အဲဒီပိုက်စက်ရုံက အလုပ်သမားပေါင်း ၃၂၀ လောက်ရှိတယ်။ အကုန်လုံး မြန်မာပြည်ကလာတဲ့ တိုင်းရင်းသားတွေ၊ ပအိုဝ်းတွေလဲပါတယ်၊ ဗမာလည်း ပါတယ်၊ ကရင်လည်း ပါတယ် ပေါင်းစုံပဲ။  တရားဝင် အထောက်အထားတွေ ရှိတယ်၊ သူတို့က အလုပ်ကို မနက် ၈ နာရီကနေ ည ၈ နာရီ ဆင်းရတယ်။ အဲဒီတော့ တရက်ကို အချိန်ပို ၃ နာရီလု ပ်ပေးနေရတာပေါ့။ လုပ်ခကျတော့ ၃၀၈ ဘတ်ပဲ ရတယ်။ အခုအစိုးရက တိုးမြှင့်သတ်မှတ်ပေးတာက ၃၁၈ ဘတ်ပေါ့။  ၉ ရက်နေ့က သူတို့ ဆန္ဒပြပြီး ကျနော်တို့ ရောက်သွားတော့ ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ သွားညှိပေးတယ်။ မနေ့က သူတို့ အလုပ်ရုံမှာဘဲ အားလုံးညှိနှိုင်းတိုင်ပင်ဆွေးနွေးကြတယ်။ အလုပ်သမားရုံးက အရာရှိတွေရော၊ စစ်တပ်၊ ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ပါပါတယ်၊ အဲဒီလို ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံ ရောက်သွားတဲ့အခါမှာ အလုပ်ရှင်ကလည်း လက်ရှိ လုပ်ခအတိုင်းရော၊ အရင်က အပြည့်မပေးခဲ့တဲ့ လုပ်အားခတွေရော နှစ်နှစ်စာ နောက်ကြောင်းပြန် ပြန်ရှင်းပေးမယ်လို့ သဘောတူလိုက်တယ်  ”

အလုပ်သမား ၃၂၀ ကျော်ဟာ အလုပ်ရှင်ထံကနေ ရရန်ရှိတဲ့ လုပ်အားခတွေက တဦးနဲ့တဦး မတူကြဘဲ  အလုပ်သမားတချို့က ဘတ် ၇ သောင်း ၈ သောင်း ၊ တချို့က လေးငါးသောင်းစီရဖို့ရှိပြီး အလုပ်သမားအားလုံးအတွက် စုစုပေါင်း အနည်ဆုံးဘတ် ၁၀ သန်းကျော်ရှိပါတယ်။

အဲဒီငွေတွေကို ဒီလကုန် နောက်ဆုံးထားပြီး ပေးချေမယ့်အကြောင်း အလုပ်ရှင်က ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံ တာဝန်ရှိသူတွေရှေ့မှာ ကတိကဝတ်ပြု လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။

Photo : Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013